Arc 8.17🔞🔞

2K 170 14
                                    

{Zawgyi}

[This part contains mature content⚠️🔞]

"မကယ်နိုင်ဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ ! ! "

ပြည့်ရှင်မင်း၏ အဆောင်တော်ထဲမှဟိန်းထွက်လာသော ခက်လွန်းအသင်္ယာ၏ ဒေါသတကြီးအော်သံသည် ရှေ့မှနန်းတွင်းသမားတော်အား ကြောက်ဒူးတုန်စေပါသည်။

ဝဏ္နုဇေဒါ၏ပြည့်ရှင်မဟုတ်သည့်တိုင် အခုအခြေအနေအရ ယောစက္ကသီဓံဟာဒီတိုင်းပြည်အား အပိုင်သိမ်းနိုင်သည့်အနေအထားမို့ ယောစက္ကသီဓံ၏ ပြည့်ရှင်မင်းအား လက်လွတ်စပယ် မဆက်ဆံရဲပါချေ။

တစ်ဖက်တွင်လည်း ဒဏ်ရာရနေသူမှာ မိမိတို့ပြည့်ရှင်မင်းမဟုတ်ပါလား။

ခက်လွန်းအသင်္ယာမှာတော့ တုံချိတုံချိဖြစ်နေတဲ့ သမားတော်အား ဂရုမထားအား...ဘေးမှလက်စွဲတော်ဓားအား ထပ်မံ၍ ဆွဲယူကာ လက်အားထပ်လှီးရန်ကြံသည်။

သူ့သွေးက ဘယ်အဆိပ်မဆိုဖြေနိုင်ခဲ့တာကို....။

လက်ပေါ်ဓားမရောက်ခင်မှာပင် သူ့လက်အားဆုပ်ကိုင်လာပါသော အကြင်သူ၏ လက်တစ်ဖက်ကြောင့် သူ့အသက်တည်ရာလေး သတိရလာပြီဖြစ်ကြောင်း သိလိုက်ရသည်။

"လွန်းငယ်....မင်းဟာလေ အမောင့်ကိုလူဆိုးဖြစ်အောင် သိပ်လုပ်ပါကောလား"

လက်နှစ်ဖက်စလုံး ပြတ်ရှရာတွေဗလပွဖြစ်နေသော သူ့အား အကြင်သူက စိုးရိမ်စိတ်ဖြင့် ဆူလာလေတော့ ခက်လွန်းအသင်္ယာမှာ ရင်ထဲသိမ့်ခနဲပင်။

"အမောင်~~"

နှုတ်ခမ်းပါးတို့က ဖြူဖျော့နေသည့်တိုင်.....
သွေးခုန်နှုန်းတို့က အားလျော့နေသည့်တိုင်....
ဘယ်လိုပဲ အပြင်ပိုင်းပုံစံတွေအရ ပြောင်းလဲသွားပါစေဦးတော့... နော်ခွန်းရွယ်သည် ခက်လွန်းအသင်္ယာအတွက် အဖိုးမဖြတ်နိုင်သည့် တည်ရှိမှုလေးတစ်ခု။

အနီရောင် သတို့သားဝတ်စုံမှာ အစုံအလင်မဝတ်ထားသည့်တိုင် နော်ခွန်းရွယ်နှင့် လိုက်ဖက်လွန်းသည်မကပိုနေသောအခါ ခက်လွန်းအသင်္ယာမှာ သက်ပြင်းမောကို မသိအောင်ခိုးချရပါသည်။

သူသာနည်းနည်းနောက်ကျခဲ့ရင် ကလေးငယ်ကို တစ်ပါးသူလက်ထဲပေးလိုက်ရတော့မလို့။

Rebounding System(OC)Where stories live. Discover now