Arc 2.11

9.5K 1.4K 55
                                    

ဒီနေ့စာသင်ဆောင်မှာ အလွဲလွဲအချော်ချော်ဖြစ်နေသော မင်းသားငယ်ရှဲ့ရန်ခန်းကြောင့် ဆရာကိုယ်တိုင်ပင် နေမကောင်းဘူးလားဟုမေးရသည်အထိ။

စာတွေမှားရေးလိုရေး စာအုပ်ကိုပြောင်းပြန်ဖတ်လိုဖတ်နှင့် စိတ်နှင့်လူနှင့်မကပ်သော ရှဲ့ရန်ခန်းကြောင့် ဘေးမှယဲ့လင်ကျိုးတစ်ယောက် အထူးအဆန်းလိုကြည့်နေသည်။

ယခင်နေ့တွေတုန်းက အေးတိအေးစက်နဲ့တည်ငြိမ်လှသော ရှဲ့ရန်ခန်းက ဒီနေ့မှ အကုန်တလွဲဖြစ်နေသည်က ဘေးမှယဲ့လင်ကျိုးမပြောနှင့် တစ်တန်းလုံးကလူတွေက ကွက်ကြည့်ကွက်ကြည့်ဖြင့်။

"ဟေ့  ဟေ့  မင်းဒီနေ့ဘာဖြစ်နေတာလဲ စာသင်ရတာစိတ်မပါလို့လား အတန်းလစ်မလား"

"မင်းအလုပ်မဟုတ်ဘူး........"

"အာယား ငါမင်းနဲ့သိတာတစ်ပတ်တောင်ကျော်ပြီ ခုထိငါ့ကိုဒီလိုကြီးဆက်ဆံနေတုန်းလား ရင်းရင်းနှီးနှီးနေရအောင်လေကွာ......"

"ဖယ်စမ်း......."

သူ့အား ဟောက်ကာ စုတ်တံကိုင်လျက်သတိဝင်တချက်မဝင်တချက်ဖြစ်နေသော ရှဲ့ရန်ခန်းကို ယဲ့လင်ကျိုးတစ်ယောက် တကယ်ပင်နားမလည်နိုင်တော့.....

လက်ထဲက စုတ်တံကိုပြောင်းပြန်ကြီးကိုင်ထားသည်ကိုတွေ့ရော ယဲ့လင်ကျိုးတစ်ယောက် မနေနိုင်ဘဲထရီလေတော့သည်။

ရယ်တာမှအသံတော်တော်ကျယ်သည်
ပြီးတော့လည်းတော်တော်နှင့်မရပ်။

"ယဲ့လင်ကျိုး.......ဆရာစာသင်နေတာရီစရာပါနေလား"

"မဟုတ်ပါဘူးဆရာ.......ဒါပေမဲ့ ရှဲ့ရန်ခန်းကိုကြည့်ပြီးမရီဘဲမနေနိုင်လို့ပါ"

ယဲ့လင်ကျိုးလက်ညှိုးထိုးပြသည့် မင်းသားငယ်အား ဆရာကြည့်လိုက်တော့ စုတ်တံကိုပြောင်းပြန်ကိုင်ကာ ယဲ့လင်ကျိုးအား ဘုကြည့်ကြည့်နေသော သူကြောင့် ရီချင်စိတ်ကိုပင်ထိန်းထားရသည်။

သူရယ်လို့မဖြစ်ဘူး ဆရာကိုယ်တိုင်ရယ်မိရင် မင်းသားငယ်ရှက်သွားလိမ့်မယ်။

"မင်းသား  နေမကောင်းရင်ဒီနေ့နားလို့ရပါတယ် နေ့ခင်းလည်းအတန်းလွှတ်တော့မှာဆိုတော့ အပြင်မှာလည်း ကိုယ်ရံတော်ကရောက်နှင့်နေပါပြီ"

Rebounding System(OC)Where stories live. Discover now