Arc 9 Intro

1.3K 155 13
                                    

{Zawgyi}

မီးပုံဘေးတွင်ဆောင့်ကြောင့်ထိုင်ကာ တစ်စုံတစ်ခုအား အသည်းအသန်စဉ်းစားနေပုံပေါ်သော Ziraကြောင့် Lilithမှာ ခေါင်းတခါခါဖြင့်ပင် ကင်ထားသော ဝက်အကောင်အား ဟိုထိုးဒီထိုးလုပ်နေရသည်။

"ဟေ့....စားလို့ရပြီ ရှင်မစားဘူးလား.."

ပူပူလောလောအသားအား အလောတကြီးပင်ဖဲ့ကာ သူ့ဆီထိုးပေးလာသော မိန်းကလေးကြောင့် Zenမှာ ယူသင့်မယူသင့်စဉ်းစားနေရသည်။

"ယူစမ်းပါ.....ရှင့်ဘာရှင် ဖုတ်ကောင်တစ်ပိုင်းဖြစ်ဖြစ် zombieတစ်ပိုင်းဖြစ်ဖြစ် အနည်းဆုံးတော့ လူသားတစ်ပိုင်းဖြစ်နေသေးတာပဲ...အဲ့တော့ အစာစားဖို့လိုတယ်..."

ထိုမိန်းကလေးဆီမှ အန္တရာယ်ပေးနိုင်မည့်  အငွေ့အသက်တို့အား မခံစားရသည်သေချာမှ လှမ်းပေးနေသော အသားအား ယူကာ ဖြည်းဖြည်းချင်းစစားလေသည်။

'Kiဘယ်ပျောက်နေပြန်ပြီလဲ...'

[Hosttttt!!!!!]

အမောတကော လှမ်းခေါ်လေသော Kiကြောင့် ပါးစပ်ထဲရောက်နှင့်နေပြီးသား အသားမှာ ဝါးတောင်မဝါးနိုင်ပဲ မြိုကျသွားရသည်။

'ဘာလဲဟ...လန့်လိုက်တာ '

[Host ! ! အဲ့တာတွေစားလို့မရဘူး....ပြန် ပြန်အန်ထုတ်လိုက်...မြန်မြန် မဟုတ်ရင် သေသွားလိမ့်မယ်...]

Kiရဲ့အပြောကြောင့် Zenမှာ စက္ကန့်ပင်မဆိုင်းနိုင်ပဲ စားထားသမျှ အကုန်ပြန်အန်ထုတ်ရသည်..။

မအန်မိလို့ ဂန့်သွားရင် အလကားသပ်သပ် သူ့ကလေးငယ်နဲ့ မတွေ့ရပဲနေဦးမယ်။

Lilithမှာတော့ သူမရှေ့က မတရားထိုးအန်နေတဲ့လူကြောင့် ဆက်ပဲစားရတော့မလိုလို...သူမပါရောပြီး ပြန်အန်ရတော့မလိုလိုပင်...။

"ဘာ..ဘာဖြစ်တာလဲ ။ အသားက အဆိပ်ရှိလို့လား...ဒီဝက်ကရော zombieအကိုက်ခံထားရတာလား..."

ပြာတီးပြာယာဖြစ်နေသော မိန်းကလေးအား Zenမှာ ပြန်မဖြေအား အနီးစပ်ဆုံးပင်စည်ကိုသာမှီလျက် အမောဖြေနေရသည်။

'ဇာတ်ကြောင်းပို့ပေးတော့Ki....ဘာမှနားမလည်ပါးမလည်နဲ့ဆက်နေနေရင် မကြာခင်သေလိမ့်မယ်'

Rebounding System(OC)Tempat cerita menjadi hidup. Temukan sekarang