{Zawgyi}
Long coatပုံစံ ဝတ်ရုံအနက်အား ဝတ်ထားသည့်လူမှာ ခေါင်းဆောင်းပါဆောင်းထားသဖြင့် မျက်နှာအားသေချာမမြင်ရ။
သူ့ရှေ့က သစ်ပင်တွင်ကြိုးတုပ်ခံထားရသော ကောင်ငယ်လေးကို ကြည့်ခြင်းဖြင့် ထိုလူမှာလူကောင်းမဟုတ်မှန်းသိနိုင်ပေသည်။
အဖမ်းခံလာရသည်ကိုတောင် ယခုထက်ထိအိပ်နေနိုင်သေးသော ကောင်လေးအား ထိုလူမှာအလိုမကျသလိုကြည့်သည်။
သူဟာErosဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခု....တစ်နည်းအားဖြင့် ဒီကမ္ဘာနဲ့မသက်ဆိုင်တဲ့ လူတစ်ယောက်ပေါ့။
ပုံရိပ်ယောင်ပင်ဆိုစေကာမူ Eros၏တစ်စိတ်တစ်ဒေသပေပဲမို့ သူ့ရှေ့ကကောင်လေးအား သူကြည့်မရပါချေ။
သူ့တာဝန်မှာ ထိုကောင်လေးအား လူမသိသူမသိခေါ်ထုတ်လာရန်ဖြစ်ပြီး ခပ်ဝေးဝေးတစ်နေရာတွင် ပစ်ထားခဲ့ဖို့ပင်။
အခုလည်း သူ့တာဝန်သူကျေပြီဖြစ်လို့ Erosထံသို့ ပြန်သွားရတော့မည်။
ဒီကောင်လေးကတော့ ဘာဖြစ်ဖြစ်ပေါ့....သူ့အလုပ်မှမဟုတ်ပဲလေ။
နောက်ဆုံးအနေဖြင့် ထိုကောင်လေးအားစောင်းငဲ့ကြည့်ကာ အမှုန်အမွှားသဏ္ဍာန်ဖြင့် ပျောက်ကွယ်သွားပါသော ထိုလူသည် Erosထံသို့ ပြန်ရောက်သွားလေတော့သည်။
"ကြည့်ရအောင်....အလုခံရလို့ ဖြစ်ပျက်သွားမဲ့ပုံကို..
ဒီကမ္ဘာမှာတော့ ဒီလောက်ပဲပေါ့နော်..."ဝိဉာဉ်နယ်မြေထဲမှ Erosသည် ပျော်ရွှင်မှုကြောင့် အပြုံးခပ်ကြီးကြီးကို လှစ်ဟပြသထားလေသည်။
သူ့ဘေးရှိ အနီရောင်နဂါးပေါက်လေးမှာတော့ ခေါင်းတထောင်ထောင်ဖြင့် Erosအခြေအနေအား အကဲခတ်လျက်ရှိသည်။
အင်း.....ဒါတွေက ရှုပ်ထွေးလိုက်တာ.။
^^^^^^^^^^^^
လက်ထဲမှ အကြောင်းကြားစာအားကြည့်ကာ Ziraလက်တင်းတင်းဆုပ်မိသွားသည်။
ရှေ့မှာရပ်နေတဲ့လူစိမ်း၃ယောက်သည်ကား Zira၏အပြုအမူတို့အားကြည့်ကာ မလှုပ်မယှက်။
"ကျွန်တော်တို့အနေနဲ့လည်း နယ်မြေ(၃)အထိ ရောက်လာရတာက လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။
ဒါကြောင့် ခေါင်းဆောင်တို့လက်ထဲမှာ ရှိနေတဲ့ Hanzoraကို နယ်မြေ(၁)ဆီ လက်ပြန်လွှဲပြီး မဟာမိတ်ဖွဲ့ဖို့ အကြံပြုချင်ပါတယ်"
ČTEŠ
Rebounding System(OC)
Romance(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his soul to save the Final boss? What do you think whether villain could love someone or not? This is { own creation } ❌❌NOT TRANSLATION❌❌