Arc 8.8

2.3K 346 57
                                    

{Zawgyi}

တစက်စက်နဲ့ကျနေသော မိုးပေါက်တွေက မနက်ခင်းအားစွတ်စိုစေသည်။

အုံ့မှိုင်းနေတဲ့ကောင်းကင်တစ်ခွင်ကြီးက နေရောင်တွေကွယ်ပျောက်နေသော်ငြားလည်း ခက်လွန်းအသင်္ယာ၏ ရပ်ဝန်းကတော့ဖြင့် ကွက်ကြားလေးသာယာနေသည်။

နိုးနေလျက်သားနှင့် အနွေးဓာတ်ကလေး၏ရင်ခွင်ထဲပြန်ဝင်ကာ မှေးနေသည့်ခက်လွန်းအသင်္ယာသည် သူ့အနွေးဓာတ်ကလေးမှမနိုးလျှင် ထဖို့အလားအလာမရှိပါချေ။

ပုံမှန်ပြန်ဖြစ်သွားသည့် အခြေအနေနှင့်အနေအထားတွင် ခက်လွန်းအသင်္ယာသည် နဂိုထက်ပင်ပို၍ နော်ခွန်းရွယ်အားကပ်ပါသည်။

"လွန်းငယ်...."

နိုးလာပြီးဖြစ်သော အကြင်သူက ရင်ခွင်ထဲကသူ့အားမနိုးသေးဘူးအမှတ်နှင့် နာမည်ခေါ်ကာနှိုးပါသည်။

အပြုအမူသေးသေးလေးကအစ ညင်သာစွာပြုမူနေသည့်နော်ခွန်းရွယ်မှာ ခက်လွန်းအသင်္ယာနိုးသွားမည်ကို စိုးထိတ်နေပုံရသည်။

ထထိုင်လျက်သားဖြစ်သွားသည့် အနေအထားတွင် နော်ခွန်းရွယ်သည် ချက်ချင်းမထသေးဘဲ ခက်လွန်းအသင်္ယာ၏ နဖူးထက်အနမ်းဖွဖွခြွေပါသည်။

ထို့နောက်တွင် အခန်းထဲကထွက်သွားသော နော်ခွန်းရွယ်သည် သေချာကြည့်မည်ဆိုလျှင် နားရွက်ဖျားတွေရဲနေသည်ကိုတွေ့ရပေလိမ့်မည်။

အကြင်သူထွက်သွားကာမှ အိပ်ရာပေါ်မှ ငေါက်ခနဲထထိုင်သော ခက်လွန်းအသင်္ယာသည် အတော်ကိုအူမြူးနေသည်။

အနမ်းခံခဲ့ရသည့် နဖူးအားပြန်စမ်းလျက်ပင် ပြုံးစိစိဖြစ်နေသည်မှာ အတော်နှင့်ကိုမပြီးနိုင်။

[အဟမ်း....Host....]

ကြည်နူးနေသည့် စိတ်အစုံအား Kiကလာဖျက်ပြန်သည်။

"ဘာလဲ ဘာလဲ ပြော.."

စိတ်တိုတိုနှင့် စကားသံတို့ကိုအပြင်တွင်ပါထုတ်ပြောမိသော ခက်လွန်းအသင်္ယာသည် Kiအားမကြည်ပါချေ။

[ဝမ်းသာစရာသတင်းပြောမလို့ကို....မပြောရဘူးလား...]

'ဘာသတင်းလဲ...'

Rebounding System(OC)Where stories live. Discover now