Arc 9.1

1K 146 20
                                    

{Zawgyi}

"Zira....ရှင် စခန်းကိုမပြန်ဘူးလား "

သားကောင်တွေတပွေ့တပိုက်နှင့် Lilithကဆိုလေသော်လည်း Ziraဆီမှ လျစ်လျူရှုခြင်းသာ ခံလိုက်ရသည်။

"အရင်ပြန်နှင့်.....သူတို့စားဖို့စောင့်နေကြလိမ့်မယ်"

Ziraမှာ အေးစက်မယောင်ယောင်နှင့် လက်အောက်ငယ်သားတွေကို ဂရုစိုက်တဲ့ ခေါင်းဆောင်တစ်ယောက်။

စခန်းနှင့်လည်း နီးနေပြီမို့ Lilith မေးခွန်းတို့ ထပ်မထုတ်တော့ပါပဲ တန်းတန်မတ်မတ်သာပြန်လာခဲ့လိုက်သည်...။
ခေါင်းဆောင်က လုပ်စရာတစ်ခုခုရှိလို့နေပါလိမ့်မယ်....။

ဇာတ်လိုက်မထွက်သွားသည်နှင့် ထိုနေရာနှင့်ဆန့်ကျင်ဖက်သို့ ထွက်ခဲ့သော Ziraသည် မူလခန္ဓာကိုယ်၏ အာရုံခံအားကြောင့် မကြာခင်မှာပင် သွေးအိုင်ထဲလဲနေသူတစ်ယောက်အား တွေ့ရလေသည်။

ဇာတ်လိုက်ပဲဖြစ်ရမယ်...။

သွေးညှီနံ့တို့ကြောင့် Zombieအချို့သည်လည်း ထိုလူ့ဆီသွားနေကြသည်ကို အာရုံခံမိသော Ziraသည် အနီးအနားရှိသစ်ပင်ပေါ်တက်ကာ ဇာတ်လိုက်ကောင်၏ Zombieအစားခံရမည့်ပုံကို ကြည့်ရန်ရည်ရွယ်သည်။

အကိုက်ခံရပြီး ဇာတ်လိုက်သာ Zombieဘဝပြောင်းသွားလို့ကတော့....သူအနှောင့်ယှက်ကင်းကင်းနှင့် missionလုပ်လို့ရပြီ.။

တစ်ကောင်စ နှစ်ကောင်စရောက်လာသည့် အဆင့်နိမ့်zombieတို့သည် ထိုလူဆီ တည့်တည့်မတ်မတ်လာသည်။

ကြည့်ရတာ ဒီကောင်တွေက အနီရောင်အမြုတေအဆင့်ကောင်တွေပဲဖြစ်မည်။ လေးတိလေးကန်နဲ့....။

နီးကပ်လာသောအနေအထားတွင် Zombieတို့မှာ ဒဏ်ရာရနေသူအား ကိုက်အံ့ဆဲဆဲ...။

အလွန်နီးစပ်နေသော အနေအထားတွင် သူ့ကိုယ်သူ ကာကွယ်နိုင်ခြင်းမရှိပါသောလူသည် ကျိန်းသေပေါက်အစားခံရမည်သာ...။

"မင်းတို့လို မကောင်းဆိုးဝါးအဖြစ်ခံမယ်ထင်နေလား...."

မျှင်းမျှင်းလေးသာရှိသောသတိတို့နှင့် အံတင်းတင်းကြိတ်ကာ ပြောနေသော ကောင်လေးမှာ နောက်ဆုံးကျန်သမျှခွန်အားတို့နှင့် မိမိကိုယ်ကိုယ်အဆုံးစီရင်ရန် ကြံရွယ်သည်။

Rebounding System(OC)Where stories live. Discover now