Arc 2.13

9.4K 1.3K 100
                                    

{Zawgyi}

အချိန်တွေက ဒီကမ္ဘာရောက်မှကုန်လွန်တာမြန်လေသလား။

မျက်စီတမှိတ်အတွင်းမှာတင် ၆နှစ်ဆိုသည့်ကာလက ကုန်သွားလေပြီ။

ဒီကာလမှာအတော်အတန်ပြောင်းလဲသွားပြီ။

အရင်လို အိမ်ရှေ့စံရှဲ့စစ်ရန်နှင့်ပက်သက်၍ နာမည်ဆိုးများရှိမနေတော့......

ထိုအစား နေရာတိုင်းတွင် ရှဲ့စစ်ရန် အားချီးကျူးချီးမြောက်ကြသည့်လူတွေချည်းပင်။

၆နှစ်ဆက်တိုက် ချစ်ကြည်ရေးအမဲလိုက်ပြိုင်ပွဲမှာဗိုလ်စွဲခဲ့သည့်အိမ်ရှေ့စံရှဲ့စစ်ရန်၏ အရည်ချင်းမှာ အောချရလောက်ပင်တော်သည်။

ရှဲ့တိုင်းပြည်တွင်းတွင်သာမက တခြားတိုင်းပြည်များထိပင် ဂုဏ်သတင်းကခုချိန်ထိမလျော့။

တချို့အမတ်များဆိုလျှင် သူတို့၏သမီးများနှင့် အိမ်ရှေ့စံရှဲစစ်ရန်အား လာမြန်းသည့်သူများက တပုံတပင်။

ယခုဆိုလျှင်ပြည်သူများကလည်း အိမ်ရှေ့စံဘက်မှအခိုင်အမာရပ်တည်နေကြပြီ....

ဒီခြောက်နှစ်အတွင်းရှဲ့တိုင်းပြည်ကြီးက သာယာဝပြောလာသည်မှာ တခြားတိုင်းပြည်များနှင့်ပင်နှိုင်းယှဉ်၍မရ။

နှစ်တိုင်းလည်း ပြည်သူတွေ၏အခက်ခဲကို ကိုယ်တိုင်ကိုယ်ကျ မရရတဲ့နည်းဖြင့် ဖြေရှင်းပေးတတ်သော အိမ်ရှေ့စံကြောင့် ပြည်သူများမှာလည်း အပူအပင်ကင်းလို့နေသည်။

ဤသည်က အိမ်ရှေ့စံရှဲ့စစ်ရန်၏ ဂုဏ်သတင်းများပင်။

ရှဲ့စစ်ရန် တစ်နေ့ထက်တစ်နေ့ပို၍ အင်အားကြီးလာသည်မှာ ယခုဆိုလျှင် တိုင်းပြည်၏ဘုရင်နှင့်တောင်ယှဉ်နိုင်သည်အထိ။

ယခင်လို သူ့အားမလေးမစားပြုမူရဲသူ တစ်စုံတစ်ယောက်မှမရှိ။

နန်းတွင်းနန်းပြင် အကုန် ကလေးအစခွေးအဆုံး သူ့အားလေးစားကြသည်။ ချစ်ခင်ကြသည် ဆိုသော်လည်း တစ်ချိန်ထဲတွင်ပင် သူ့အားဖိန့်ဖိန့်တုန်အောင်ပင်ကြောက်ကြသည်။

သို့ပေသည့် မပြောင်းလဲဘဲ ကျန်နေသည်က သူ့ကလေးငယ်။

ကလေးငယ်ကအခုဆိုလျှင် အရွယ်ပင်ရောက်နေလေပြီ......ယခင်ကလို ကလေးလေးမဟုတ်တော့ချေ.....လူပျိုပေါက်အရွယ်ပင်ရှိလေပြီ။

Rebounding System(OC)Where stories live. Discover now