Arc 2.7

10.4K 1.3K 66
                                    

{Zawgyi}

ကလေးငယ်သူ့အပြုအမူတွေကိုကြောက်သွားလေမလားဆိုပြီး တွေးပူနေမိတော့ ထျန်းရှပြောနေတာကို ကြားတစ်ချက်မကြားတစ်ချက်။

မုဖေးယွဲ့ကိစ္စကိုရှင်းပြီးတော့ ကလေးငယ်ကို ချော့ရန်အလုပ် ထျန်းရှကသူစုံစမ်းခိုင်းသည့်ကိစ္စမှ သတင်းရလာပြီဆိုသောကြောင့် ကလေးငယ်အား ခဏထားကာ ထျန်းရှနှင့်စကားပြောနေခြင်း။

"အရှင့်သား ဒီကိစ္စကိုဘယ်လိုစီမံမှာပါလဲ"

"အင်း  ဘဏ္ဍာရေးအမတ်ကြီးဆီက တရားမဝင်ကုန်သွယ်မှုပြုတဲ့ စာရင်းပဲလိုတာဆိုတော့ ဒီညသူတို့ကုန်လဲမဲ့နေရာကနေသွားစောင့်ပြီး ခိုးရအောင်"

"အရှင့်သားက ခိုးမယ် စာရင်းစာအုပ်ကို??"

"အင်းလေ မင်းမျက်နှာကြီးက အဲ့လိုမလုပ်စမ်းပါနဲ့ ကိုယ်တော်ကမလိုအပ်ဘဲသွေးထက်သံယိုမဖြစ်ချင်လို့"

"ဒါပေမဲ့ ဒီလိုကိစ္စက"

"ရတယ် ကိုယ်တော့်နာမည်က အစထဲကကောင်းတာမှမဟုတ်တာ သိသွားလည်း နာမည်က ထပ်ပျက်ဖို့ပဲပေါ့ ဘာမှအထွေအထူးမဟုတ်ဘူး....."

"ဒါဆို ဒီကိစ္စ ကျွန်တော်ကို့ ဖြေရှင်းခွင့်ပြုပါ အမှားယွင်းမရှိစေရပါဘူး"

"မင်းကလား.....ဒါဆိုလည်း စာရင်းစာအုပ်ကိုယ်တော့်လက်ထဲ ရောက်အောင်ယူလာခဲ့ ကိုယ်တော်ကမင်းကိုပဲဒုက္ခထပ်ပေးရဦးမှာပဲ"

"အရှင့်သားကိစ္စမှန်သမျှက ကျွန်တော့်အတွက်ဒုက္ခမဟုတ်ပါဘူး "

"အင်း  ကျေးဇူးပဲနော် ရှအော်"

သူ့စကားအား နာခံစွာဖြင့်ထွက်သွားသော ထျန်းရှအားကြည့်ကာ မူလ ရှဲ့စစ်ရန်ကိုမနာလိုဖြစ်မိသည်။

ဒီလိုလူတစ်ယောက်အနားမှာရှိတာ သူဘယ်လောက်ကံကောင်းလိုက်သလဲ။

မူလဇာတ်ကြောင်းထဲမှာ ထျန်းရှက သူ့နောက်ဆုံးအချိန်ထိ ရှဲ့စစ်ရန်အားကာကွယ်ခဲ့သည်။

ဤမျှလောက် ရှဲ့စစ်ရန်အတွက် စွန့်လွှတ်နိုင်သည်ကို တွေးရင်းကြက်သီးပင်ထမိသည်။

အင်း  သူတစ်နေ့နေ့တော့ ထျန်းရှအတွက် တစ်ခုခုလုပ်ပေးနိုင်မှာပါ။

Rebounding System(OC)Where stories live. Discover now