Arc 8.15

1.2K 194 15
                                    

{Zawgyi}

နော်ခွန်းရွယ်မှာ တိုင်းပြည်အရေးအား ပိုအာရုံစိုက်လာသည်နှင့်အမျှ တဖြည်းဖြည်း အင်အားပြန်လည်တောင့်တင်းလာသော ဝဏ္နုဇေဒါပြည်ကြီးမှာ ရှေးယခင်မင်းများ လက်ထက်ထပ်ပင်ပို၍ အင်အားကြီးမားလာတော့သည်။

ပြည့်ရှင်မင်းရဲ့ ထက်မြက်လှတဲ့လှည့်ကွက်တို့ကြောင့် မသမာသူအမတ်အချို့မှာလည်း ရာထူးအားပြန်လည်အပ်နှင်းကာ ထွက်ပြေးသည့်သူကထွက်ပြေးနှင့်...
သူတို့အသက်သေမှာတော့ ကြောက်ရသည်မလား။

ဗိုလ်မှူးဖြစ်ခဲ့ဖူးသည်နှင့်အညီ စစ်ရေးအမြင်တွင် တော်လွန်းသည်ထက်ပိုသော နော်ခွန်းရွယ်ကြောင့် ဝဏ္နုဇေဒါအား တော်ရုံထိပါးဖို့မကြံစည်ရဲတော့ချေ။

ပြည်သူများမှာလည်း တိုးတက်လာသောတိုင်းပြည်အခြေအနေနှင့် စည်ပင်ဝပြောလာမှုတို့ကြောင့် ပြည့်ရှင်မင်းအား အမြင်များပြောင်းကာ ဘုရားသခင်လို ယုံကြည်ကိုးစားလာတော့သည်။

အင်းး...သေချာတွေးကြည့်တော့လည်း တစ်နှစ်ဆိုတာ မျက်တောင်တစ်ခတ်လိုပါပဲလား။

လွန်း..သူ့ဘေးနားရောက်ထဲက ပြောင်းလဲလာလိုက်တာ သူကိုယ်တိုင်တောင် သတိမထားမိခဲ့ပါလား။

"အရှင်...မြောက်အရပ်က တစ်သီးတစ်သန့်မင်းမူနေတဲ့ နိုင်ငံကြီးတစ်ခုအကြောင်း ကျွန်တော်မျိုးလျှောက်တင်ချင်လို့ပါ....အရှင်"

ဝဏ္နုဇေဒါသည် တည်နေရာအရပင်လယ်နှင့်နီးရာတွင်ရှိရာ အိမ်နီးချင်းနိုင်ငံများထက်သာ၍ စီးပွားရေးဖြစ်ထွန်းလေသည်။

နယ်မြေချဲ့ထွင်ခြင်းလည်းမရှိသော ဝဏ္နုဇေဒါအား အိမ်နီးချင်းနိုင်ငံများက မဟာမိတ်ဖွဲ့ကြပါသော်လည်း ထိုမြောက်အရပ်ကနိုင်ငံကြီးတော့ မပါပါချေ။

ထိုနိုင်ငံသည် တားမြစ်တောအလွန်ရှိ နိုင်ငံပျက်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားရင်တောင် မည်သူမှသတိမထားမိသည်အထိ တစ်သီးတစ်သန့်ဆန်လွန်းလှသည်။

"မြောက်ပိုင်းက ခရာနိုင်ငံရဲ့ မဟာမိတ်ဖွဲ့လိုကြောင်း သဝဏ်လွှာပါအရှင်.."

နော်ခွန်းရွယ်မှာ အကြံပေးအမတ်ကြီး ကမ်းလာသည့် စာလိပ်အားယူဖတ်ပြီးသည့်နောက်တွင် မျက်နှာမှာမှောင်သထက်မှောင်လာတော့သည်။

Rebounding System(OC)Where stories live. Discover now