Arc 6.5

3.8K 596 74
                                    

{Zawgyi}

Junမျက်စိရှေ့ကကောင်လေးကိုကြည့်ပြီး ခေါင်းတို့နောက်လာရသည်။

ဒီကောင်လေးက ဘယ်သူမှန်းလဲမသိဘူး....

အခုထိအိပ်နေတဲ့ ကောင်လေးက Hotelအခန်းထဲရောက်နေတာတောင် သူ့ကိုယ်သူသိပါလေစ။

အငယ်က ဒီကောင်လေးကိုဘာလို့သူ့လက်ထဲအပ်လိုက်မှန်းမသိပေမဲ့ ဒါကောင်းတဲ့လက္ခဏာတော့ မဟုတ်တာသေချာတယ်။

Dazaiရဲ့စကားကိုပြန်ကြားယောင်မိတော့ နဂိုထဲကနောက်နေတဲ့ခေါင်းက ပိုလို့ပင်ဆိုးသွားရသည်။

"Bro သူ့ကိုBroလက်ထဲအပ်တယ် သေသေချာချာ ပြုစုစောင့်ရှောက်ပေးလိုက်ဦးနော်...အကူအညီတောင်းတယ်..."

ထိုသို့ပြောပြီး ဖုန်းချလိုက်တဲ့သူ့ချစ်လှစွာသောညီက အခုထိသူ့ကိုပြန်မဆက်သွယ်သေး.....

ဒီကောင်လေးကိုဘယ်ပို့ပေးရမလဲလဲ မပြောသွား...

အေးအဲ့မှာ လုပ်နေလိုက်....

အလုပ်တွေနဲ့မအားရတဲ့အထဲ ညီဖြစ်သူရဲ့အရှုပ်ထုပ်မမည်သော အကူအညီတောင်းခံမှုကို လိုက်လုပ်ပေးနေရသည်။

"ဟမ်း....."

Junသက်ပြင်းချကာ လည်ပင်းကnecktieကိုဆွဲဖြုတ်လိုက်သည်။

ဘယ်ပို့ရမှန်းမသိလို့Hotelကိုခေါ်လာပါတယ် အိပ်နေလို့ပဲတော်တော့တယ် နိုးလာရင် ဘာပြောရမလဲမသိ။

အငယ်က သေသေချာချာကိုအကူအညီတောင်းထားသည်မို့ မျက်နှာလွှဲခဲပစ်လုပ်ပြီး ပြီးပြီးရော ထားခဲ့လို့လည်းမရ။။

ဒီကောင်လေးနိုးလာရင်မသောင်းကျန်းဖို့ပဲမျှော်လင့်ရတာပေါ့။

Jun အခန်းထဲက လိုက်ကာတွေလိုက်ဆွဲပိတ်ကာ ဆိုဖာပေါ်တွင် Laptopဖွင့်ကာ အလုပ်ဆက်လုပ်နေသည်။

ကုတင်ပေါ်ကKenjiကတော့ အိပ်မက်ထဲမှာ ပျော်မွေ့နေလျက်။
________________________

"Huh?Kenji ဘယ်မှာရှိလဲ ကျွန်တော်ဘယ်လိုသိမှာလဲ သူ့ဘာသူနိုးလာလို့ တစ်နေရာထသွားတာနေမှာပေါ့...."

ကျောင်းကအိမ်ပြန်လာလာချင်း နားမလို့စဉ်းစားတုန်ရှိသေး ခေါင်းဆောင်ဆီကဝင်လာတဲ့phone callကြောင့် စိတ်ကိုမနည်းဆွဲဆန့်ပြီး ရှည်အောင်လုပ်နေရသည်။

Rebounding System(OC)Where stories live. Discover now