Arc 3.2

8K 1.1K 84
                                    

{Zawgyi}

အာရာ တစ်မနက်လုံး ထယ်မျိုးရိုးစုအတွင်းလှည့်ပတ်ကြည့်နေလေသည်....

မှတ်ဉာဏ်တွေထဲမှာအသိရှိပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ရင်ပိုကောင်းမယ်ထင်မိသောကြောင့်....

နေ့ခင်းပိုင်းရောက်ရင်တောအမဲလိုက်ဖို့သူပါလိုက်ရဦးမယ်......

အာရာ့ မှတ်ဉာဏ်တွေထဲမှာတော့ ဒီမျိုးနွယ်စုတွေထဲမှာ ငွေကြေးဆိုတဲ့အရာကမပေါ်ပေါက်သေး....

တစ်နည်းအားဖြင့် မျိုးရိုးစုထဲလူတွေက၃ရက်တစ်ခါအမဲလိုက်ပြီး ရသမျှကို သူတို့မျိုးရိုးစုထဲကလူတွေကိုပြန်ဝေမျှသည်.....

အမျိုးသမီးတွေကတော့ အရှေ့ဖက်သစ်တောထဲမှာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် စားလို့ရသမျှကို ၃ရက်သို့မဟုတ် ၅ရက်တစ်ခါသွားခူးသည်တဲ့...

ဒါကရှာရီမျိုးနွယ် ထယ်မျိုးရိုးစုပိုင်နက်အတွင်းတွင်သာ ရှာရီမျိုးနွယ်ရဲ့တခြားမျိုးရိုးကလူတွေလည်းထိုနည်းလည်းကောင်း.......

ရှာရီမျိုးနွယ်စုက စုပေါင်းလိုက်လျှင်လူပေါင်း ၂၀၀၀ခန့်လောက်ရှိသည်.....မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးရိုးစုခေါင်းဆောင်အသီးသီးတို့က တစ်လတစ်ခါ စုဝေးပွဲလုပ်ပြီး မျိုးနွယ်စုအတွင်းပြသနာ ဆွေးနွေးစရာများကို မျိုးနွယ်စုခေါင်းဆောင်၏အဆုံးအဖြတ်ကိုနာခံကြသည်.......

ထယ်မျိုးရိုးစုပိုင်နက်က ရှာရီမျိုးနွယ်စုနှင့်အာဂိုမျိုးနွယ်စုဆက်စပ်နေသည့်ထောင့်အစွန်ဆုံးနေရာ.....

ထို့ကြောင့်လည်းတောအမဲလိုက်လျှင် ထယ်မျိုးရိုးစုက ပိုင်နက်မကျော်သွားစေရန် အတော်လေးကိုသတိထားရသည်........

သို့ပေမဲ့ ဒီကလူတွေအမဲဘယ်လောက်လိုက်လိုက်.....အသားဆိုတာလောက်ငှတယ်လို့ကိုမရှိ.....
တခြား အသီးတွေနှင့် အရွက်တို့ကသာ အလွယ်တကူရနိုင်တာမို့ အသားစားရတာထက် အသီးတို့နှင့်တင်းတိမ်ရသည်ကများသည်....

ဘယ်လိုလုပ်လောက်ငှမှာလဲ......
၃ရက်တစ်ခါလူ၁၀ယောက်ကအမဲလိုက်ပြီး ရလာတဲ့တောကောင်က အနည်းငယ်သာရှိသည်ကို.....

Rebounding System(OC)Where stories live. Discover now