Arc 5.10

5.4K 850 81
                                    

{Zawgyi}

လျန့်ဝူဟွမ့် မနက်ထဲကစိတ်မကြည်ပေ.....

အခုလှည်းပေါ်မှာထိုင်နေရတာကိုက သက်တောင့်သက်သာမရှိ....

ခံစားချက်ကြီးကဘယ်လိုပြောရမလဲ တစ်ခုခုကိုကျိန်းသေပေါက်သိနေပေမဲ့ အဲ့တစ်ခုခုကဘာလဲဆိုတာ စဉ်းစားမရတာမျိုး....

ညကသူမှတ်မိသလောက်ဆိုရင် စစ်သူကြီးကြောင့် သူတဲအပြင်ထွက်သွားတယ်....

နောက်ပြီး စစ်သူကြီးကပြန်လိုက်ခေါ်လို့ ပြန်ပါလာပြီး စစ်သူကြီးနဲ့အတူတူအိပ်တယ်....

ဒါဆိုဘာကလိုနေတာလဲ.....

ဟင်းးး

လျန့်ဝူဟွမ့်စိတ်အိုက်စွာပင် လေပူတစ်ချက်မှုတ်ထုတ်ကာ လှည်းအပြင်ကိုငေးလိုက်တော့ စစ်သူကြီးကမျက်လုံးထဲထင်းခနဲပေါ်လာသည်။

နေပါဦးသူကအရှေ့ဆုံးကမသွားဘဲ လှည်းဘေးကဘာလို့လိုက်တာတုန်း.....

စစ်သူကြီးမျက်နှာကြောက တည်တင်းလွန်းလို့သူတောင်နည်းနည်းရှိန်သွားသည်။

စစ်သူကြီးကို အမှတ်မထင်ကြည့်နေရင်းနှင့်ပင် သူ့ဖက်လှည့်လာတဲ့ စစ်သူကြီးနဲ့အကြည့်ချင်းဆုံသည်.....

လျန့်ဝူဟွမ့် ကယောင်ကတမ်းဖြင့် လိုက်ကာစကိုဆွဲပိတ်လိုက်မိသည်..

ခဏ...ငါကဘာလို့စစ်သူကြီးကိုရှောင်နေရမှာတုန်း...

လျန့်ဝူဟွမ့်မကျေမချမ်းဖြင့်ပင် လိုက်ကာစကိုတစ်ဖန်ပြန်မကာ စစ်သူကြီးအားတည့်တည့်ပင်ကြည့်သည်....

သူကြည့်သည်ကို အပြုံးခပ်ကြီးကြီးတစ်ခုဖြင့်တုံ့ပြန်တဲ့စစ်သူကြီးက သူရှိရာအရပ်ကိုမျက်နှာမူထားသည်...

"ဘာရယ်တာလဲ...."

လျန့်ဝူဟွမ့်ပါးစပ်လှုပ်ရုံသာမေးတော့ စစ်သူကြီးကခပ်ဟဟ ရယ်ပြီး ခေါင်းခါသည်။

သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျန်တဲ့လူတွေကတော့ ပါးစပ်အဟောင်းသားဖြင့်.....

အခု...သူတို့အရှင့်သားနဲ့ တစ်မိုးအောက်တစ်ယောက်စစ်သူကြီးက ကလူကျီစယ်နေတာလား...
___________

Rebounding System(OC)Where stories live. Discover now