Arc 2.8

10.2K 1.3K 70
                                    

{Zawgyi}

ရှဲ့စစ်ရန်ရောက်ထဲက နန်းတော်အပြင်တစ်ခါမှမထွက်ဖူး။

ထျန်းရှဆီက စာရင်းစာအုပ်ရပြီးတော့ မြို့တော်ထဲက ဘဏ္ဍာရေးဝန်ကြီးနဲ့ အခွန်အခဦးစီးရေးမှူးတို့ကို သွားတွေ့မလို့ ပြင်နေသည်မှာ ၂ရက်ခန့်ပင်ရှိလေပြီ။

အလုပ်ဆိုတာသေချာမှလုပ်တာကောင်းသည်မို့ ရှဲ့စစ်ရန်အချိန်စောင့်နေခြင်းသာ။

ဒီနေ့တော့ နေလည်ပိုင်းလောက် နန်းတော်အပြင်ထွက်မည်ကြံထားသည်။

ခက်တာက ကလေးငယ်ကို ထားခဲ့လို့မရတာပဲ။

ထျန်းရှနဲ့ထားခဲ့မလို့ကြံတော့ ထျန်းရှက နန်းတော်အပြင်ဖက်ကို တစ်ယောက်ထဲမလွှတ်နိုင်ဟု ဆိုသည်။

ကလေးငယ်ကလည်း သူ့နားကော်လိုကပ်နေတော့ ထျန်းရှနေခဲ့ရင်တောင် ထားခဲ့ရန်မလွယ်။

ဘယ်တတ်နိုင်မလဲ ခေါ်သွားရမှာပေါ့ ကလေးငယ်လည်း လည်ချင်ရှာမှာပေါ့။

နေ့လည်ခင်းရောက်တော့ ထျန်းရှပြင်ပေးထားသည့်နန်းတော်အနောက်ဖက်သစ်တောထဲက မြင်းနက်တစ်ကောင်နဲ့ ကြက်သွေးရောင်မြင်းတစ်ကောင်။

ယခု သုံးယောက်သားက ဘာအစောင့်အကြပ်မှမပါပါဘဲနဲ့ နန်းတော်အပြင်သို့လူမသိအောင်ထွက်ခြင်း။

ပြောရမယ်ဆိုရင်တော့ခိုးထွက်တာပေါ့။

ထျန်းရှက ရှဲ့စစ်ရန် မြင်းစီးရခက်မည်စိုးသောကြောင့် မင်းသားငယ်အားသူနှင့်စီးရန်ခေါ်သော်လည်း အရှင့်သားဝတ်ရုံအနားစကို ဆွဲထားသည့် မင်းသားငယ်ကြောင့် အကြပ်တွေ့နေဟန်။

"ခန်းအော်က ခမည်းတော်နဲ့အတူစီးချင်လို့လား"

ရှဲ့စစ်ရန်မေးလိုက်တော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည့်ကလေးငယ်ကြောင့် သူပြုံးမိသည်။

"ရှအော် ကိုယ်တော်ခန်းအော်နဲ့ အတူစီးလိုက်မယ် မင်းသပ်သပ်စီးလိုက်"

ထျန်းရှအားပြောလိုက်တော့ မြင်းနက်ပေါ်စွေ့ခနဲတက်သွားလေသည်။

သူကတော့ ကလေးငယ်အား မြင်းပေါ်အရင်တင်ပေးလိုက်ကာ ကလေးငယ်နောက်မှတက်သည်။

Rebounding System(OC)Where stories live. Discover now