Chapter _ 5

33.1K 2.2K 31
                                    

Unicode
********

** 12 နှစ်ကြာပြီးနောက် ​ ရှန်ဟိုင်းမြို့ **

5 Star အဆင့်ရှိထိပ်တန်း Hotel ရှေ့တွင်အရှိန်သတ်လိုက်သည့် BMW M5 ကားအနက်ရောင်ကြောင့်ပတ်ဝန်းကျင်ကလူတွေ  ရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည် ။ သေချာကြည့်မယ်ဆိုပါကထိုကားအနက်ရောင်ရဲ့အရှေ့ Body ပေါ်တွင် Dragon ဂိုဏ်းအမှတ်အသားပါသည့်တံဆိပ်ကိုတွေ့ရလိမ့်မည် ။

ရှေ့ဆုံးမှဦးဆောင်လာသည့်အနက်ရောင်ကားနောက်တွင် Dragon ဂိုဏ်းတစ်ဂိုဏ်းတည်းသာအသုံးပြုခွင့်ရှိသည့် Black ကားသုံးစီး..။ရှေ့ဆုံးကကားကိုသတိမထားမိရင်တောင် အနောက်ကကားသုံးစီးကိုမြင်လိုက်သည်နှင့် အခုရောက်လာသူကိုခန့်မှန်းနေစရာတောင်မလိုတော့ပေ....။

Dragon ဂိုဏ်းရဲ့ခေါင်းဆောင်သစ် XiaoWang....။

အနက်ရောင်ကားတံခါးဆွဲဖွင့်လိုက်သည်နှင့်လူတိုင်းရဲ့စိတ်ဝင်စားမှုဟာလည်းမြင့်တက်လာခဲ့သည် ။ ကားထဲကပထမဆုံးထွက်ပေါ်လာသည့်ခြေတံရှည်တွေက Black Shoe တစ်စုံကြောင့်ပိုပြီးကြည့်ကောင်းနေသယောင် ။

နက်စွေးနေ့သည့်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသူက စိန်တွေထည့်မြုပ်ထားသည့်နာရီတစ်လုံးကိုသန်မာသည့် လက်ကောက်ဝတ်နေရာတွင်နေရာချလိုက်သည် ။

{ Xiao Wang.... အမလေး... အဲ့တာ Dragon ဂိုဏ်းချုပ် XiaoWang ဘဲ.... }

{ အား... ငါအရင်ဘဝတုန်းကများ လူတွေကိုကယ်တင်ခဲ့တာလားမသိဘူးနော်... Dragon ဂိုဏ်းရဲ့သခင်ကြီးကိုအပြင်မှာအရှင်လတ်လတ်မြင်ဖူးသွားပြီ...}

Hotel အနီးမှာရှိနေသည့်မိန်းကလေးတွေဆီကထွက်လာခဲ့စကားသံတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကျွတ်ကျွတ်ညံနေတော့သည် ။

{ ဘုန်းမင်း.....ပတ်ဝန်းကျင်ကလူတွေကိုရှင်းထားလိုက် }

မာန့် ဆီကအမိန့်ကျလာသည့်အခါ Hotel အနီးကလူတွေအားလုံးတခြားနေရာကိုပြောင်းရွေ့ခံလိုက်ရတော့သည် ။ မာန် ကအချိန်တစ်ပါတ်စာကြိုပေးပြီး ဒီ Hotel တစ်ခုလုံးကိုအပြတ်ငှားထားပြီးသား....။ သို့ပေမယ့် Hotel မန်နေဂျာကအလုပ်ကိုသေချာမလုပ်ဟန်တူသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now