Chapter _ 31

27.2K 1.7K 63
                                    

Unicode
********

Hotel အခန်းထဲတွင် Laptop တစ်လုံးနှင့်
အလုပ်လုပ်နေရပေမယ့် ဦးစိုင်း စိတ်တွေ
သားဆီကိုဘဲရောက်နေသည် ။ ဦးစိုင်း ဒီ
အလုပ်တွေလုပ်နေရတယ်ဆိုတာကလည်း
သားကြောင့်ပင် ။ ဆေးရုံကပြန်ရောက်လာ
တဲ့နောက်ရက်ကစပြီး တစ်ခြားလူတစ်
ယောက်လိုပြောင်းလဲသွားသည့်သားက
Company တစ်ခုလုံးပြိုလဲသွားရင်တောင်
ဂရုမစိုက်တော့တဲ့ပုံစံဖြင့်အကုန်လုံးကိုလျစ်
လျူရှုထားသည် ။

** ဒေါက်.....ဒေါက် **

" ဝင်ခဲ့ "

ညင်သာစွာပွင့်သွားသည့်တံခါးနောက်တွင်
ဖိုင်တစ်ခုကိုင်လျှက်အခန်းထဲဝင်လာသည့်
နေရောင် က ဦးစိုင်း နားတစ်စိုက်မက်မက်
လျှောက်လာပြီးနောက်ရှေ့ကစားပွဲပေါ်သို့
လက်ထဲကဖိုင်ကိုချလိုက်သည်။

" ရှိုင်းစေ လုပ်ကြံခံရတာနဲ့ပတ်သတ်ပြီးစုံ
စမ်းရသလောက်ပါ ဥက္ကဋ္ဌကြီး "

" တရားခံတွေကို အဲ့နေ့ကဘဲဖမ်းသွားခဲ့ပြီ
မလား "

" ဟုတ်ပါတယ်,အဲ့ဒီနေ့ကဖမ်းခံလိုက်ရတဲ့
တရားခံနှစ်ယောက်က နောက်ကွယ်ကစေ
ခိုင်းသူကိုပါဝန်ခံခဲ့ပေမယ့် တရားရုံကိုတင်
ပြတဲ့အချိန်မှာတော့ နောက်ကွယ်ကခိုင်း
တဲ့သူတွေကိုဖုံးကွယ်ထားခဲ့တယ် , ပြီး
တော့တရားခံနှစ်ယောက်ကဒီနေ့ဘဲ
ကြိုးမိန့်ပေးခံလိုက်ရပြီ "

( ok...Aster လျှာရှည်ပါဦးမယ်။ အပြင်မှာ
ဆိုတရားရင်ဆိုင်ရတာ ဒီလောက်မမြန်ပါ
ဘူး..ဒီမှာတော့ Aster ကအကုန်လုံးကျော်
ချသွားပါတော့မယ်😁😁😁 )

" ဒီလောက်မြန်မြန်ကြီးစီရင်ချက်ချလိုက်
တာလား , နောက်ကွယ်ကလူကိုတရားရုံ
မတင်ပြဘဲဖုံးကွယ်ထားတဲ့အပြင် တရား
ခံတွေကိုလဲမြန်မြန်ကြိုးမိန့်ချလိုက်တယ်
ဆိုတော့....နေရောင် မင်း ဘာတွေစုံစမ်း
ထားသေးလဲ "

ဒီကောင်လေးရဲ့အမှုကိုအခုလိုမြန်မြန်
ဆန်ဆန်လုပ်တယ်ဆိုကတည်းကတစ်ခု
ခုတော့ထူးဆန်းနေပြီ ။

" ဟုတ်...တရားခံနှစ်ယောက်ကိုကြိုးကိုင်
စေခိုင်းခဲ့တဲ့သူက သော်နန်းစံ လို့ခေါ်တဲ့
ရှိုင်းစေ ရဲ့မွေးစားအစ်မပါ , သော်နန်းစံ
က ရှိုင်းစေ လုပ်ကြံခံရတဲ့နေရာရဲ့အနီး
မှာတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာလို့
လည်းသိရတယ် , ဒါပေမယ့် သော်နန်းစံ
ကအဲ့ဒီနေ့မှာဘဲအစအနရှာမရအောင်
ပျောက်သွားခဲ့တဲ့အပြင် တခြားမထင်
မရှားမြို့လေးမှာပုန်းနေရတဲ့ သူ့အမေ
ကလည်းနောက်တစ်နေ့မှာပျောက်သွား
ခဲ့ပါတယ် "

💞 Eternal Love 💞 { Completed }Where stories live. Discover now