Chapter _ 1

60.2K 2.6K 45
                                    

Unicode
********

* တရုတ် _ မြန်မာ ဆက်သွယ်ရေးဆိပ်ကမ်း *

လေတစ်ဖြူးဖြူးတိုက်နေသည့် သင်္ဘောဆိပ်
ကမ်းတစ်ခုတွင်....။

{ ပစ္စည်း တွေဘယ်ကိုပို့လိုက်လဲ....}

အသက် ၁၅ နှစ်အရွယ်ကောင်လေးတစ်
ယောက်နှင့်လိုက်ဖက်ခြင်းမရှိလှသည့်စူးရှ
ခက်ထန်တ​ဲ့မျက်ဝန်းတစ်စုံက ကြင်နာခြင်း
နှင့်သနားညှာတာခြင်းတို့ကင်းမဲ့နေပြီးရှေ့က
သွေးအလိမ့်လိမ့်နဲ့လူကိုသွေးအေးစွာရပ်ကြည့်
နေလေသည်။

{ ငါ့ကိုသတ်လိုက်ရင်တောင်..... မင်းသိချင်တဲ့သတင်းမရစေရဘူး..... }

ထိုလူရဲ့စကားတစ်ခွန်းက ရေခဲတစ်မျှအေး
စက်ခြင်းတွေကိုထုတ်လွတ်နေသည့် ထိုကောင်
လေးရဲ့ အချိုးကျကျမျက်ခုံးတန်းတစ်စုံကို
တွန့်ချိုးသွားစေသည် ။

{ ဟွန်း...... မင်းတောင်းဆိုတာနော် }

ထိုလူရဲ့သေခြင်း ရှင်ခြင်းကိုဂရုမစိုက်တော့
ဟန်ဖြင့်သက်ပြင်းချသံနဲ့အတူ ခပ်လှလှ
မျက်ဝန်းတစ်စုံကိုပိတ်ချလိုက်သည့်အခါ
ရှေ့ကလူမှာလဲ လူမဆန်စွာရိုက်နက်ခံရ
တော့သည်။

...............

တရုတ်နိုင်ငံနေရာအနှံ့အပြားကို နဂါးတစ်
ကောင်လိုအုပ်စိုးထားသည့် Dragon ဂိုဏ်း
သည် တရုတ်သမ္မတကိုယ်တိုင် တရားဝင်လုပ်
ပိုင်ခွင့်ပေးထားရသည့် ဂိုဏ်းတစ်ခုပင် ။
ကြီးမားကျယ်ပြန့်လွန်းတဲ့ Dragon ဂိုဏ်းကို
စိတ်ဝင်စားတယ်ဆိုရင် ထိုဂိုဏ်းရဲ့ တစ်ဦး
တည်းသောအမွေဆက်ခံသူ သခင်လေးက
လည်းသိထားသင့်သည့်အချက်တစ်ချက်ပင်
ဖြစ်သည် ။

အသက် ၁၅ နှစ်သာရှိသေးသည့် Dragon
ဂိုဏ်းရဲ့အမွေဆက်ခံသူသခင်လေးသည် ဖ
ခင် ဂိုဏ်းချုပ်သခင်ကစိတ်ချ လက်ချမျက်
နှာလွဲထားရလောက်အောင် အရည်ချင်းပြည့်
ဝလွန်းသူဖြစ်ပြီး ဖခင်နှင့်အပြိုင် ဂုိဏ်း ရဲ့အ
လုပ်တစ်ချို့ကိုစတင်လုပ်ကိုင်နေပြီဖြစ်သည် ။

Dragon ဂိုဏ်းချုပ်သခင်ထက်ပင် သခင်ငယ်
လေးရဲ့သည်းခံနိုင်စွမ်းကအလွန်နိမ့်ကြောင်း
သိကြပါလျှက်နဲ့ ဂိုဏ်းအတွင်းသစ္စာဖောက်မှုရှိ
လာသည်တဲ့....။ မကြောက်မရွံ့သစ္စာဖောက်ခဲ့
သူက Dragon ဂိုဏ်းတွင်ထိန်းသိမ်းထားသည့်
လျှို့ဝှက်ပစ္စည်းတစ်ခုကိုခိုးယူခဲ့ပြီး တစ်ဖက်
နိုင်ငံကိုရောင်းစားလိုက်တယ် ဆိုတဲ့သတင်း
ကြောင့် သခင်ငယ်လေး ကိုယ်တိုင်ဒီကိစ္စကို
ကိုင်တွယ်နေခြင်းပင် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now