Chapter _ 49

18.2K 1.5K 92
                                    

Unicode
********

" မေမေရေ......"

အပေါ်ထပ်ကနေတစ်ဒုန်းဒုန်းပြေးဆင်းလာတဲ့
သားငယ် ကြောင့် ဒေါ်စောသင်ဇာရဲ့နှလုံးတွေ
ခုန်ထွက်မတက်ထိပ်လန့်သွားရသည် ။ မနေ့
ကတစ်ရက်လေးအိမ်မှာမရှိလိုက်တာ ပြဿ
နာပေါင်းသောင်းခြောက်ထောင်တက်သွားခဲ့
သည်မဟုတ်လား ။ အခုလဲ သားမာန် မရှိတုန်း
မီးဖိုခန်းထဲစိတ်ကြိုက်ဝင်ပြီး ချက်ပြုတ်ထား
ပြန်သည် ။

" မေမေရေ...သား ကိုကို့ဆီသွားတော့မယ် "

အမလေး...လေး...လေး...ဒေါ်စောသင်ဇာ ဘဝ
မှာဒီစကားကြောက်စရာအကောင်းဆုံးဘဲ။

" သွားလို့မရဘူးလေ..ငယ်လေးရဲ့သား ကိုကို
ကဒီနေ့အရေးကြီးတဲ့ လူနဲ့တွေ့ဆုံစရာရှိလို့
ဘုန်းမင်း ရော မြတ်သူ ရောခေါ်သွားတာ...ငယ်
လေး ပါပါး တောင်ပါသွားတယ်လေ..."

မသွားရဘူးဆိုတော့ သားငယ် ရဲ့နှုတ်ခမ်းက
ရှေ့ကိုစူထွက်လာပါရော ။

" သား က ကိုကို မသိအောင် ချိုချို လေးကို
ခေါ်လာတာ...အဲ့တာ ကိုကို့ ကိုခွင့်မတောင်း
ရသေးဘူး, ဒီနေ့ ကိုကို နဲ့နေ့လည်စာတူတူစား
ပြီးတော့ ချိုချိုလေးကိုခေါ်ထားဖို့ခွင့်တောင်း
ချင်တာ..."

သားငယ် သာမသိတာပါ သားမာန် ကသူ့အိမ်
ထဲဘယ်သူဝင်ပြီးဘယ်သူထွက်တယ်ဆိုတာ
အကုန်သိတယ် ။ သားငယ် လမ်းပေါ်ကခေါ်
လာတဲ့ကြောင်တစ်ကောင်မပြောနဲ့ ယင်တစ်
ကောင်ဝင်လာရင်တောင် သားမာန် ကသိနှင့်
ပြီးသား....။

" ညနေမှပြောပါလား ငယ်လေးရယ်..."

" အင့်.....မနေ့ကတည်းကခေါ်လာတာကိုညနေ
ကျမှအသိပေးရင် ကိုကို စိတ်ဆိုးသွားမှာပေါ့ "

ပုံမှန်ဆို သားငယ် ကလူကြီးစကားသိပ်နား
ထောင်တဲ့ကလေးလေး...။ " မလုပ်ရဘူးနော် "
ဆိုတဲ့စကားကို ၂ ခါပြောစရာမလိုခဲ့တဲ့ကလေး
ကအခုတော့ခေါင်းမာမာနဲ့ သားမာန် ဆီလိုက်
သွားဖို့ပူဆာနေသည် ။

" နော်လို့....မေမေ စိတ်မချရင် သား ကိုကိုယ်
တိုင်ကားငှားပေးလိုက်လေနော်...သား ကိုကို့
ဆီကလွဲပြီးဘယ်မှမသွားဘူးတကယ် ကတိ.."

💞 Eternal Love 💞 { Completed }Where stories live. Discover now