Chapter _ 25

24.6K 1.8K 106
                                    

Unicode
********

X မြို့ရဲ့အဆင့်မြင့် Hotel တစ်ခုမှာအကောင်း
ဆုံးအခန်းကိုယူထားပေမယ့် ဦးစိုင်း မှာပူပင်
သောကတွေကြောင့်ကောင်းကောင်းအနား
မယူနိုင်...။ သား ရဲ့ရှေ့ရေးကိုတွေးလိုက်မိ
တိုင်း ဦးစိုင်း အနေနဲ့တစ်ခုခုလုပ်သင့်ကြောင်း
ပိုသေချာလာစေသည် ။

အပြစ်မရှိတဲ့အဲ့ဒီကောင်လေးကိုဆိုးဆိုးရွား
ရွားထိခိုက်သွားအောင်လုပ်ဖို့အစီစဥ်မရှိပေ
မယ့် သားကိုမပတ်သက်နိုင်တော့အောင်တစ်
ခုခုတော့လုပ်ရပေဦးမည် ။

" ဥက္ကဋ္ဌကြီး .....ဒါ ရှိုင်းစေ ရဲ့ကိုယ်ရေး
အချက်အလက်တွေပါ "

ဦးစိုင်း ရှေ့ကစားပွဲပေါ်ရောက်လာတဲ့ဖိုင်ကို
အလျှင်အမြန်ဆွဲယူကြည့်လိုက်သည် ။ နေ
ရောင် ပြင်ဆင်လာတဲ့ဖိုင်ထဲမှာ ပြည့်ပြည့်စုံ
စုံရေးထားပေးတဲ့အချက်အလက်တွေက
ဦးစိုင်း နှုတ်ခမ်းတို့ကိုကော့ညွတ်သွားစေ
သည်။

" ဟက်....တကယ်မလွယ်တဲ့ကောင်လေးဘဲ
ပိုင်ဆိုင်သူရှိပြီးသားဆိုတာသိပေမယ့်...
Dragon ဂိုဏ်းခေါင်းဆောင် Xiao Wang
လို့တော့မထင်ခဲ့ဘူး...မလွယ်ဘူးဘဲ တကယ့်
အကောင်ကြီးကြီးကိုမှဖမ်းဆုပ်ထားတာ...ငါ့
သားကိုလဲ အဲ့လိုမာယာတွေနဲ့ မြူဆွယ်ထားတာဘဲနေမှာ ရွံ့စရာကောင်းလိုက်တာ "

ဦးစိုင်း လက်ထဲကဖိုင်ကိုပစ်ချလိုက်ပြီးယုံ
ကြည်စိတ်ချရတဲ့လူတစ်ယောက်ကိုဖုန်း
လှမ်းဆက်လိုက်သည် ။

" အေး...မင်း လူနည်းနည်းလောက်စီစဥ်
ထားလိုက် ငါရက်နည်းနည်းလောက်ကျ
ရင်သုံးစရာရှိတယ် "

Company ကအနားယူသွားပြီဖြစ်ပေမယ့်
ဦးစိုင်း မှာအာဏာနဲ့အဆက်အသွယ်ကောင်း
တွေရှိနေဆဲဘဲ ။ ဒါကြောင့်ဒီလိုကောင်လေး
တစ်ယောက်က ဦးစိုင်း အတွက်အတားအစီး
တစ်ခုတောင်မဟုတ် ။

" နေရောင်...အဲ့ကောင်လေးက ငြိုးမာန်လျှမ်း
သိုက် ရဲ့လက်ထဲမှာဆိုတော့လှုပ်ရှားဖို့လွယ်
မှာမဟုတ်ဘူးသေချာစောင့်ကြည့်ထားလိုက် "

ဦးစိုင်း လိုအပ်တဲ့လူတွေပြင်ဆင်ထားဖို့ဖုန်း
ဆက်ထားလိုက်ပြီးနောက် နေရောင် ကိုပါဟို
ကောင်လေးကိုစောင့်ကြည့်ထားဖို့တစ်ခါ
တည်းမှာထားလိုက်သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now