Chapter _ 36

21.3K 1.7K 130
                                    

Unicode
********

မြေအောက်ကားပါကင်နှင့် အဆင့်တန်း
ပြည့်မှီသည်ဟုထင်ရတဲ့ ၃ ထပ်မြင့်
Gold Shopping mall ကတကယ်တမ်း
တော့အတွင်းထဲမှာပုပ်ပွနေတဲ့နေရာတစ်
ခုသာ....။ ကုန်တိုက်ပိုင်ရှင်နှင့်အရင်းနှီးဆုံး
မိတ်ဆွေဆိုသည့် သေးသေးမွှားမွှားအာ
ဏာလေးကိုအသုံးချပြီး နားနေခန်းထဲမှာ
ဖြစ်ချင်တိုင်းဖြစ်နေကြသည့်လူတစ်စု....။

" မြန်မြန်သွားစမ်း!!!...."

ဟိန်းဟောက်သံကျယ်ကျယ်ကြားလိုက်ရ
ပြီးနောက် နားနေခန်းထဲတွန်းထည့်ခံလိုက်
ရတဲ့ကောင်လေးကို အခန်းတွင်းထဲကလူ
တွေခေါင်းထောင်ပြီးကြည့်လာသည် ။

" ဟေ့...မင်း အသစ်စမ်းမလို့လား, တကယ့်
ရတနာလေးကိုရှာလာတာဘဲကွ "

ညငှက်မလေးတစ်ယောက်ကိုကြမ်းကြမ်း
တမ်းတမ်းကိုင်တွယ်ပွတ်သပ်နေသည့်လူ
ကတံခါးပေါက်နားမှာကုပ်ကုပ်လေးရပ်
နေသည့်ကောင်လေးကိုကြည့်ရင်းပြော
လိုက်သည် ။ ကောင်လေးရဲ့မထိရက်မ
ကိုင်ရက်စရာအသားအရည်လေးက သူ့
ရင်ခွင်ထဲရောက်နေသည့်ညငှက်မလေး
ထက်ပင်နူးညံ့နေမလား... ။

" ဘယ်က အသစ်စမ်းရမှာလဲ...ငါ့သဲလေး
ရဲ့အင်္ကျီတွေညစ်ပတ်အောင်လုပ်လို့အပြစ်
ပေးရအောင်ခေါ်လာတာ.."

ဦးဇော် လောလောဆယ်အသစ်အဆန်း
တွေစိတ်မဝင်စားသေး...။ မနေ့ကမှပူပူ
နွေးနွေးလက်ထဲရောက်လာသည့် ရည်း
စားအသစ်ကလေးကိုသာ အရသာတွေ့
နေသည် ။ ရည်းစားအသစ်လေးကလည်း
သူ့လိုအင်ဆန္ဒများကိုမညည်းမညူအလို
လိုက်အကြိုက်ဆောင်တတ်သည်မဟုတ်
လား....။

" မင်းကိုသင်ခန်းစာပေးဖို့ခေါ်လာတာ!!
ငါ့လိုလူကိုဘာလို့အခုထိ လွတ်ပေးဖို့မ
တောင်းပန်သေးတာလဲ....ဟမ်! "

နာမည်ကြီးတံဆိပ်အတုတွေကိုတစ်ကိုယ်
လုံးဝတ်စားထားသည်မှာ ပုခုံးကနေတစ်
စောင်းလေးလွယ်ထားသည့်အိတ်အဝါလေး
ကအစ Gucci တံဆိပ်နဲ့....။ တံခါးနားမှာ
ကြောက်လို့ခပ်ကုပ်ကုပ်ရပ်နေတဲ့ကောင်
ကိုပိတ်ဟောက်လိုက်တော့ ခန္ဓာကိုယ်လေး
ကတုန်ယင်သွားသေးသည် ။

အခန်းထဲကမဖွယ်မရာပုံရိပ်တွေကြောင့်
ရှိုင်းစေ ခေါင်းမမော့ရဲအောင်ပင်ဖြစ်နေ
သည် ။ ဘာမှန်းမသိတဲ့အမှုန့်တွေကိုအား
ရပါးရရှူနေကြတဲ့သူနဲ့ အရက်မူးပြီးခေါင်း
မထောင်နိုင်တော့တဲ့မိန်းကလေးတွေကို
ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်နေကြတဲ့
သူနဲ့ , ဒီနေရာကတကယ်ငရဲတစ်ခုပင် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now