Chapter _ 16

28.2K 2.1K 112
                                    

Unicode
********

** ဒုန်း!!! **

ရုံးခန်းတံခါးကြီးနှစ်ချက်ကို အားဖြင့်စောင့်
ကန်လိုက်သည့်အသံက မိုးကြိုးပစ်ချလိုက်
သလိုပင် ။ တံခါးပွင့်သွားသည်နှင့်အခန်းထဲ
အရင်ဆုံးဝင်လာသည့် မာန် ကလက်နှစ်ဖက်
လုံးကိုဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားကာ
ရုံးစားပွဲရှေ့မှာခင်းကျင်းထားတဲ့ ဆိုဖာပေါ်မှာ
ကျကျနနဝင်ထိုင်နေလိုက်သည် ။

ကျောင်းအုပ်ကြီးဆိုတဲ့လူခမျာ ပါးစပ်ထဲက
နှလုံးခုန်ထွက်လာမတတ်ကြောက်လန့်သွားရ
တာမှမပျောက်သေး...အခန်းထဲဝင်လာသူတွေ
က သူ့ကျောင်းကကျောင်းသား ၅ ယောက်ကို
ပါတရားခံဖမ်းသလိုဖမ်းလာပြီး ရုံးခန်းထဲပစ်
ချလိုက်ကြသေးသည် ။

ဒီနေရာမှာသူကသာအရေးကြီးဆုံးလူဖြစ်တာ
ကြောင့် ဆိုဖာမှာလာထိုင်နေတဲ့လူငယ်ကိုရော
ရုံးခန်းထဲဝင်လာတဲ့သူတွေကိုပါ ပညာကောင်း
ကောင်းပြန်ပေးပစ်ရမှကျေနပ်နိုင်မည် ။ ဒီလူ
ငယ်တွေကို အခုလိုသူ့ဆီမှာလာရမ်းကားမိတဲ့
အတွက်နောင်တရသွားအောင်လုပ်ပစ်ရမယ်
လို့တေးမှတ်ထားလိုက်သည် ။

" ဟေ့....မင်းတို့ ဘယ်ကကောင်တွေလဲ...ငါ့
ကျောင်းကိုလာပြီး..ငါ့ကျောင်းသားတွေကိုဘာ
လုပ်တာလဲ "

နားထဲရောက်လာသည့် ကျီးအာသံကြောင့်
မာန် ထိန်းချုပ်ထားတဲ့ဒေါသတွေလွတ်သွား
မတတ်ဖြစ်သွားရသည် ။ ဒီနိုင်ငံက မာန် တို့
တွေစိတ်ရှိတဲ့အတိုင်းလုပ်ပစ်ဖို့အတွက်သင့်
တော်တဲ့နိုင်ငံမဟုတ်တာကြောင့်သာ သည်းခံ
နေရာ မဟုတ်ရင်တော့ဒီတစ်ကျောင်းလုံးကို
ကော်ထုတ်ပစ်လိုက်ပြီးပြီ ။

" ခင်ဗျားရဲ့ပါးစပ်ကို ပိတ်ပြီး ကျောင်းကောင်
စီအဖွဲ့ကိုခေါ်လိုက်....ဪပြီးတော့ ဒီကောင်
တွေရဲ့မိဘလဲခေါ်လိုက်...."

မာန် ဒေါသတို့လျော့ချရင်း ကျောင်းအုပ်ကြီး
ဆိုတဲ့ကောင်ကိုအမိန့်ပေးလိုက်သည် ။ အမြဲ
တမ်းအပေါ်ကနေပြီးသူကဘဲ အမိန့်ပေးခဲ့တဲ့
ကောင်က မာန် အမိန့်ပေးတာပြန်ခံရတော့
မျက်နှာတစ်ပြင်လုံးနီရဲလာတဲ့ထိဒေါသထွက်
ပြသည်တဲ့...။

💞 Eternal Love 💞 { Completed }Where stories live. Discover now