Chapter _ 43

21.1K 1.3K 43
                                    

Unicode
********

ပုဇွန်ဆီရောင်သန်းနေသည့်နေလုံးကြီးနှင့်
မျက်နှာချင်းဆိုင်ရပ်နေတဲ့ Dragon သခင်
ကြီးရဲ့ပုံရိပ်ကမှန်နံရံထက်မှာဝိုးတဝါးဖြင့် ။ ချောမောမှုနဲ့ခန့်ညားခြင်းတွေကိုအချိုးကျ
ကျပေါင်းစပ်ပြီး အတော်ဆုံးပန်းပုဆရာတစ်
ယောက်ကဖန်တီးခဲ့သလားထင်ရလောက်
အောင် ငြိုးမာန်လျှမ်းသိုက် ဆိုသူကပြိုင်စံ
ရှားယောက်ျားပီသမှုတို့ကိုပိုင်ဆိုင်ထားလေ
သည် ။

" ကိုကို....Baby ရေချိုးပြီးပြီ "

မာန့် ကျောပြင်ကြီးကိုနောက်ကနေသိုင်းဖက်
လာသည့် Baby ကသူ့ရဲ့ရေတွေစိုနေဆဲဆံပင်
လေးတွေကို မာန့် Shirt အင်္ကျီနဲ့ပွတ်သုတ်ကာ
အဆိုးလေးလုပ်သည် ။

" ဒီအကျင့်ဆိုးလေးကဘယ်လိုတတ်လာတာ
လဲ....ဟမ် "

" အာ, ခစ်...ခစ် ကိုကို အလိုလိုက်ထားလို့တတ်
လာတာ "

မာန့် ခါးပေါ်ကလက်လေးကိုဆုပ်ကိုင်ပြီးချိုင်း
အောက်ကနေဆွဲထုတ်လိုက်တော့ Baby က
မာန့် ရှေ့ရောက်လာ၏ ။ မာန် အလိုလိုက်
ထားလို့ သူကဆိုးနေတာပါဆိုတဲ့ရုပ်လေးက
မချိုမချဥ်နဲ့...။ အသက်ရှူကြပ်အောင်ဖက်
နမ်းပစ်လိုက်ချင်ပေမယ့် ဒီညအစီစဥ်တွေကို
စဥ်းစားမိတော့ မာန် ကိုယ့်ကိုကိုယ်ထိန်းချုပ်
လိုက်ရသည် ။

သို့ပေမယ့် Baby က မာန့် ရင် ခွင်ထဲရောက်
နေပြီမို့ အနည်းဆုံးတစ်ကိုက်လောက်ကိုက်
လိုက်ရမှကျေနပ်နိုင်တော့မည် ။ Baby ကိုယ်
လုံးလေးကိုဆွဲလှည့်လိုက်ကာ နောက်ကနေ
သိုင်းဖက်ရင်း အသက်ပြင်းပြင်းရှူလိုက်စဥ်
မာန့် အာရုံထဲအလုအယှက်တိုးဝင်လာသည့်
လိမ္မော်ရေချိုးဆပ်ပြာနံ့လေးကသင်းသင်းပျံ့
ပျံ့ဖြင့်...။

" ကိုကို ဒီနောက်ကပင်လယ်ကြီးကအရမ်းလှ
တာဘဲ "

မာန့် အမြင်အာရုံတွေကထိုပင်လယ်ကြီးမှာ
ရှိမနေ...။ လိမ္မော်နံ့လေးသင်းနေသည့် Baby
လည်တိုင်လေးကိုသာမက်မက်မောမောစုပ်
ယူနမ်းရှိုက်နေမိသည် ။

" ကိုကို Baby ကိုအဲ့ဒီနေရာလိုက်ပို့ဦးလေ,
ဒီနေ့တစ်နေကုန်တခြားနေရာတွေဘဲလျှောက်
သွားနေတာ Baby ကိုအဲ့ဒီပင်လယ်နားလိုက်
မပို့ရသေးဘူး "

💞 Eternal Love 💞 { Completed }Where stories live. Discover now