Chapter _ 32

24.6K 1.6K 90
                                    

Unicode
********

ဆေးစစ်ချက်ထွက်လာပြီးကတည်းက
Baby ကို မာန့် မျက်စိအောက်ကအ
ပျောက်မခံတော့...။ Baby ရေသောက်
တာကအစလိုက်ကြည့်နေမိပြီး မတော်
တဆရေသီးသွားမှာကိုတောင်ကြောက်
နေမိသည် ။

အခုလဲဆေးရုံဆင်းတော့မှာမို့ ပစ္စည်းတွေ
သိမ်းနေတဲ့ ဘုန်းမင်း တို့တွေ Baby ကို
တိုက်မိမှာစိုးလို့ဆိုဖာမှာထိုင်နေတဲ့ မာန့်
ပေါင်ပေါ်ပွေ့တင်ထားလိုက်သည် ။ မာန်
စိတ်ပူတာလဲမပြောနဲ့ မြတ်သူ ဆိုတဲ့ကောင်
ကဗရုတ်သုတ်ခနဲ့ မတော်လို့ Baby ကိုလာ
တိုက်မိရင် မာန့် Baby လေးဘဲနာသွားရှာ
မှာ....။

" ရှိုင်းပေါက်ရေ....."

လူကနောက်မှာအသံကအရင်ရောက်တဲ့
ပိုးပြည့်စုံ ကအခန်းထဲပြေးဝင်လာပြီး
ပစ္စည်းတွေသိမ်းနေတဲ့လူတွေကိုမြင်
တော့အံ့ဩသွားတဲ့ပုံစံနဲ့ မာန် တို့ရှေ့က
ဆိုဖာမှာလာထိုင်ပြီး Baby လက်လေးကို
လှမ်းဆွဲဖို့လုပ်လာသည် ။

" အာ့.... "

" မထိနဲ့ !!...."

Baby လက်နားရောက်လုဆဲဆဲလှမ်းလာ
သည့် ပိုးပြည့်စုံ ရဲ့လက်ကိုရိုက်ထုတ်ပစ်
လိုက်သည် ။ အပြင်ကနေဘာတွေကိုင်
လာမှန်းမသိတဲ့လက်နဲ့ Baby ကိုလာထိ
ချင်နေသေးတယ် ။

" ကိုကို.....ဘာဖြစ်နေတာလဲဟင်...Baby
ဘာမှမဖြစ်ဘူးလေ....."

မာန့် ကိုမကျေနပ်တဲ့ရုပ်လေးနဲ့မော့ကြည့်
လာတဲ့ Baby ကိုယ်လုံးလေးကိုခပ်တင်း
တင်းပွေ့ဖက်ထားလိုက်သည် ။ Baby
က ပိုးပြည့်စုံ ကိုတော်တော်လေးခင်တွယ်
တယ်ဆိုတာကိုမေ့သွားတယ် ။

" baby ကအရင်ကနဲ့မတူတော့ဘူး ပိုပြီး
ဂရုစိုက်ဖို့လိုတယ်လေ...ပြီးတော့ သူကအ
ပြင်ကလာတာလေရောဂါတွေပါလာရင်
ဘယ်လိုလုပ်မလဲ "

ဟမ်...အရိုက်ကခံရသေးတယ် ။ အခုကျ
တော့လည်းရောဂါတွေပါလာရင်ဘယ်လို
လုပ်မလဲတဲ့....။ အပြောချည်းခံနေရတဲ့
ပိုးလေး တို့မကျေနပ်တော့ပေါင်...။

" ကျွန်တော်လား...ကျွန်တော်ကလေ "

ပိုးလေး ကိုယ့်ကိုကိုယ်လက်ညိုးထိုးပြပြီး
ပြန်မေးတော့ ဆရာကြီးမာန် ကပြန်မဖြေ
တော့ဘူး ။ သူသိမ်းကြုံးဖက်ထားတဲ့ ရှိုင်း
ပေါက် ကိုသာတစိမ့်စိမ့်ငုံ့ကြည့်နေသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now