Chapter _ 14

27.4K 2.1K 127
                                    

Unicode
********

" Baby.....Baby မသွားပါနဲ့....မသွားပါနဲ့ကွာ "

အိပ်မက်ဆိုးတွေနဲ့နှိုးထနေကျ ဖြစ်နေသည့်
မာန် ကအခုချိန်မှာလည်းအိပ်မက်ဆိုးများ
ကြောင့်လန့်နိုးလာခဲ့ပြီး အသက်ရှူသံတွေ
ပြင်းထန်နေကာ စိတ်တည်ငြိမ်မှုလည်းမရှိ
ပေ..။

" အင်း......ဟင်း...... "

ရင်ခွင်ထဲလိမ့်ဝင်လာသည့် ခန္ဓာကိုယ်နွေးနွေး
လေးကို မာန် သတိလက်လွတ်တွန်းဖယ်ပစ်
ဖို့ရည်ရွယ်လိုက်မိသည် ။ သို့သော် လုံးလုံး
လေးကွေးနေရှာသည့် Baby Bunny ရဲ့ပုံရိပ်
လေးက မာန့် မျက်လုံးထဲဝင်ရောက်လာချိန်မှာ
တော့မတည်မငြိမ်ဖြစ်နေတဲ့စိတ်တွေကရုတ်
ချည်းပျောက်ကွယ်သွားခဲ့သည် ။

နေကောင်းသွားပြီဖြစ်တဲ့ Baby ရဲ့မျက်နှာ
လေးကသွေးရောင်ကြောင့် ပန်းရောင်သန်း
နေပြီး မာန် ရင်ခွင်ထဲတိုးဝေ့ကာခွေအိပ်နေခဲ့
သည် ။ ကြည့်ရတာ မာန် တို့အိပ်နေချိန် ဘုန်း
မင်း ဒီအခန်းထဲကိုလာခဲ့တဲ့ပုံပင် ။ Baby လက်
ကဆေးပိုက်တွေကိုဖြုတ်ထားပေးပြီး မာန့်
အိပ်ရာဘေးမှာအမြဲထားလေ့ရှိတဲ့ နှိုးစက်ကို
လည်းပိတ်ထားပေးသည် ။

Baby Bunny အနားမှာရှိနေသည်ကို မာန့်
ခန္ဓာကိုယ်ကသဘာဝကျစွာလက်ခံထားပုံပင် ။
၁၂ နှစ်အတွင်းမှာဒီတစ်ခါဘဲပထမဆုံး နှစ်
နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖူးတာမို့ မာန့် ခန္ဓာ
ကိုယ်တစ်ခုလုံးလန်းဆန်းလို့နေသည် ။ ပြီး
တော့ မာန့် အနားမှာ Baby Bunny ကိုပြန်
ခေါ်ထားနိုင်ပြီမို့ ဒီထက်ပိုပြီးဘာမှမလိုအပ်
တော့ပေ ။

အခန်းနံရံတစ်ဝက်လောက်နေရာယူကာတပ်
ဆင်ထားတဲ့ မှန်ပြတင်းပေါက်ကြီးကိုထူထဲ
သည့်လိုက်ကာအနက်တွေဖြင့် စေ့ပိတ်ထား
ပေမယ့် အနည်းငယ်ဝင်ရောက်လာတဲ့နေ
ရောင်တွေ Baby မျက်နှာပေါ်ကျရောက်လာ
မှာစိုးတာကြောင့် မာန့် ရင်ခွင်ထဲဆွဲသွင်းထား
လိုက်သည် ။

​ကြည်ကြည်စင်စင်အသားအရည်လေးနဲ့ ရှည်
လျားတဲ့မျက်တောင်ရှည်တွေက Baby Bunny
နဲ့သိပ်ကိုလိုက်ဖက်သည် ။ မျက်လုံးလေးများ
ဖွင့်လိုက်ရင် မာန် သိပ်သဘောကျရတဲ့အဖိုး
တန်ကျောက်စိမ်းရောင် မျက်လုံးလေးများက
လည်း တော်ဝင်ဆန်စွာလှပနေလိမ့်ဦးမည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now