Unicode
********သိပ်မအေးပေမယ့်ချမ်းစိမ့်စိမ့်ရာသီဥတု
ကြောင့်ထင် Baby လေးက မာန့် ရင်ခွင်
ထဲတိုးဝင်ပူးကပ်လို့....။ ဘာမှန်းသေချာ
မသိသေးတဲ့ဆဲလ်ပြောင်းလဲမှုနဲ့ လက်တ
လောကြုံတွေ့ခဲ့ရတဲ့အန္တာရယ်တွေကြောင့်
မာန့် Baby ကိုအခန်းခွဲမအိပ်စေတော့...။ဆေးရုံမဆင်းခင်ကတည်းက Baby ကိုယ်
ပိုင်ပစ္စည်းတွေအားလုံး မာန့် အခန်းထဲရွေ့
ခိုင်းထားပြီးသားမို့ Baby တစ်ယောက်
သာ မာန့် အခန်းထဲပြောင်းလာရုံသာ ။
အခုဆို Baby ရဲ့တစ်နေ့တာလှုပ်ရှားမှု
မှန်သမျှက မာန့် မျက်စိအောက်မှာချည်း ။* ဒေါက်...ဒေါက်...*
" Boss....."
တံခါးခေါက်သံနဲ့အတူတစ်ခါတည်းတန်း
ဝင်လာတဲ့သူက နှစ်ယောက်မရှိ, အလိုက်
ကမ်းဆိုးမသိတဲ့ မြတ်သူ ပါဘဲ ။" ဟို...ဘုန်းမင်း ကအရေးကြီးကိစ္စပြောစရာ
ရှိလို့တဲ့...အလုပ်ခန်းထဲမှာစောင့်နေတယ် "တံခါးဖွင့်ဖွင့်ချင်းပုံမှန်မဟုတ်တဲ့လေထုကို
သတိထားမိတာမို့ မြတ်သူ ဇက်ကလေးမ
သိမသာပုထားလိုက်မိသည် ။" အင်း "
အတက်အကျမရှိတဲ့ Boss ဆီကပြန်ဖြေ
သံကလေအေးပေးစက်နဲ့မှုတ်ထုတ်လိုက်
သလိုအေးစိမ့်နေတာများ မြတ်သူ ကျော
တောင်ချမ်းသည် ။" ဟီး...ဟီး "
ရှိုင်းစေလေး လိုချစ်စရာကောင်းမလားလို့
သွားလေးဖြဲပြီး ဟီးခနဲရယ်ပြကာအခန်းတံ
ခါးပိတ်ပြီး ဘုန်းမင်း ဆီတစ်ချိုးတည်းပြေး
တော့သည် ။ မလွယ်ဘူး...မလွယ်ဘူး နောက်
ဆို Boss ကိုနှိုးတဲ့အလုပ်သေတောင်မလုပ်
ဘူး ။ခပ်ဖွဖွတံခါးပိတ်သံက Baby ကိုအနှောက်
ယှက်ဖြစ်ဟန်တူသည် ။ မျက်ခုံးလေးကို
တွန့်ချိုးလို့...။ အလိုမကျဟန်ဖြစ်နေတဲ့
Baby နဖူးကြောလေးကိုနူးနူးညံ့ညံ့နမ်း
ရှိုက်လိုက်ပြီးနောက် မာန် အိပ်ရာထဲက
ဖြေးညင်းစွာထလိုက်သည် ။ နေဦး အဲ့ဒီ
ကောင် မြတ်သူ ကို ယန်ရှု နဲ့သွားပစ်ထား
ဦးမယ် ။" သားမာန်....ငယ်လေး ကိုတစ်ခါတည်းမနိုး
ခဲ့ဘူးလား.."မာန် ရေချိုးအဝတ်စားလဲပြီးအောက်ထပ်
ဆင်းလာတော့ Mommy က Baby ကို
မမြင်တာကြောင့်သိပ်မကျေနပ်ဟန်ဖြင့်..။

YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist