EXTRA _ 13

14.4K 1.1K 99
                                    

Unicode
********

** Bezzz....Bezzz....Bezzz **

ဖုန်း Screen မှာပေါ်လာတဲ့ Baby ဆိုတဲ့နမ်စား
လေးကြောင့် မာန် လက်တစ်ဖက်မြှောက်ကာ
တင်ပြလက်စဖြစ်နေတဲ့ ပရောဂျက်ကိုရပ်
ခိုင်းလိုက်သည် ။

" Baby ... "

" အိ့..ဟင့်..ဟင့်.. ကိုကို.. ကိုကို့သား က Baby
ကိုကိုက်နေတယ်...အင့်..."

ရှိုက်သံတိုးတိုးနဲ့ပြောလာတဲ့ Baby စကားသံ
ကြားသည်နှင့် မာန် ထိုင်ခုံကနေထရပ်ပြီးသား ။
အစည်းဝေးကတော့ထုံးစံအတိုင်း မြတ်သူ နဲ့
ထားခဲ့ရတော့မည် ။

" ချစ်မွှေးက ကိုက်ပြန်ပြီလား.. Baby ကအလို
မလိုက်နဲ့လေကွာ သူ့ပါးစပ်ထဲကထုတ်လိုက် "

" အင့်...ထုတ်လိုက်ရင် သားလေး နိုးသွားမှာစိုး
လို့...ဟင့်...အာ့....."

ချစ်မွှေးလေးက အခု ၅ လသားလေးဖြစ်နေပြီ ။
နို့ခဲတုံးလေးလိုနူးညံ့အိစက်တဲ့အသားရည်
လေးနဲ့ Baby ရဲ့အမွေဖြစ်တဲ့ကျောက်စိမ်း
ရောင် မျက်လုံးဝိုင်းကြီးတွေကိုပိုင်ဆိုင်ထား
သည် ။ မျက်တောင်ထူထူကြီးတွေရယ် မျက်
ခုံးကောင်းကောင်းတို့က မာန့် ဆီကအမွေတွေ
ဖြစ်ဟန်တူသည် ။ တစ်နေ့တစ်နေ့ နို့စို့လိုက်
အိပ်လိုက်ဆိုတော့ ပါးတွေကပေါက်ထွက်
တော့မယ့်ပေါက်ဆီတွေလိုဖောင်းကားနေ
သေးတာ..။

ချစ်​မွှေးလေးရဲ့ ပါပါးကကိုယ်တိုင်နို့မတိုက်
နိုင်ပေမယ့် ဆရာဝန်တွေညွှန်ကြားတဲ့ နို့မှုန့်ကိုသူ့အချိုးအစားအတိုင်းသေချာဖျော်တိုက်တာ
ကိုတော့ ချစ်မွှေး​ေလးပါပါး ကိုယ်တိုင်ဘဲလုပ်
သည် ။ တခြားလူလုပ်ပေးရင်လဲ Baby က
စိတ်တိုင်းမကျ...။ နို့ဗူးသောက်လို့ သူ့ပါပါး
နို့ကိုအလွတ်ပေးထားမယ်မထင်နဲ့ ။ ချစ်မွှေး
လေးက သူ့ပါပါး နို့ကိုပါးစပ်ထဲထည့်ထားပေး
မှအိပ်တာ..။

ပြီးရင် အိပ်ရင်းနဲ့သွားဖုံးလေးနဲ့က ကြိတ်သေး
တာကြောင့် သူ့ပါပါးရဲ့နို့သေးသေးလေးတွေ
က အမြဲတမ်းနာနေရသည်..။ အခုလဲ နေ့ခင်း
အိပ်ရင်းနဲ့ သူ့ပါပါးရဲ့နို့ကိုကိုက်နေပြန်ပြီ ။
တော်ရုံနာတာလောက်ဆို ချစ်မွှေးလေးပါပါး
ကဖုန်းဆက်မှာမဟုတ်.. ။ အခု ချစ်မွှေးက
တော်တော်ဆိုးနေပြီမလို့ မာန့် ကိုဖုန်းဆက်
တာနေမှာ...။

💞 Eternal Love 💞 { Completed }Where stories live. Discover now