Chapter _ 38

27.8K 1.6K 70
                                    


Unicode
********

စံအိမ်ရှေ့တုန့်ခနဲရပ်လိုက်သည့် ကားအနက်
ရောင်ကြောင့် အိမ်ရှေ့မှာရပ်စောင့်နေသည့်
မေနှင်း နဲ့အကူကောင်မလေးတွေလှုပ်လှုပ်
ရှားရှားဖြစ်သွားရသည် ။ ကားပေါ်ကဆင်း
လာသည့် သူတို့၏သူဋ္ဌေးဖြစ်သူကိုကြိုဆို
နှုတ်ဆက်ဖို့ပြင်လိုက်ပေမယ့် သခင်လေး
ရှိုင်းစေ ကိုပါပွေ့ချီပြီးဆင်းလာတဲ့သူတို့သူ
ဋ္ဌေးနဲ့မျက်နှာချင်းဆိုင်မိလိုက်ချိန်မှာတော့
ဘာစကားမှထွက်မလာနိုင်တော့ပေ....။

" ကျွန်တော်တို့နားတော့မယ်....ဒေါ်လေးမေ
တို့လဲနားတော့.."

ဒီစံအိမ်မှာနေခဲ့တဲ့တစ်လျှောက်လုံး သူဋ္ဌေး
လေးဆီကဒီလိုညင်ညင်သာသာရှိလှတဲ့ စ
ကားမျိုးတစ်ခါမှမကြားဖူးခဲ့ ။ မေနှင်း
ကြောင်တောင်တောင်ဖြင့်သာခေါင်းငြိမ့်ပြ
လိုက်မိသည် ။

ကုန်တိုက်ထဲက မာန် ပွေ့ချီလာတဲ့ပုံစံအတိုင်း
ရင်ခွင်ထဲတိုးဝေ့နေသည့် Baby ကတစ်ခုခု
ကိုကြောက်ရွံ့နေတဲ့ပုံစံဖြင့်...။ မာန် ကိုယ်
တိုင်လည်းစကားမဆိုမိသလို Baby ကလည်း
မာန့် လည်တိုင်ထဲမျက်နှာလေးဝှက်ကာတိတ်
ဆိတ်လျှက်....။

မာန် အခန်းထဲရောက်တဲ့အချိန်ထိ Baby
လက်လေးတွေက မာန့် လည်တိုင်မှာတင်း
တင်းကြပ်ကြပ်ဖက်တွယ်ထားဆဲပင် ။ Baby
ကိုယ်လုံးလေးကို မွေ့ယာပေါ်အသာချပေး
ဖို့ပြင်လိုက်ပေမယ့် မာန့် Baby ကတော့
အောက်ဆင်းမယ့်အစီစဥ်မရှိတဲ့ပုံဖြင့် ။

" Baby.... ကိုယ့်ကိုလွတ်လိုက်တော့ "

" ......... "

ဆတ်ခနဲတုန်လှုပ်သွားတဲ့ခန္ဓာကိုယ်လေးနဲ့
အတူ မာန့် လည်တိုင်ထဲအနည်းငယ်စိုစွတ်
လာခဲ့သည် ။ Baby က မာန့် အသံကိုတောင်
ကြောက်လန့်သွားဟန်တူသည် ။ Baby ရှိ
နေတာကိုပင် သတိမမူနိုင်လောက်အောင်
ကြမ်းတမ်းရိုင်းစိုင်းခဲ့တဲ့ မာန့် ကိုအခုဆို
Baby ကမျက်နှာချင်းဆိုင်တောင်မကြည့်
ရဲတော့....။

Baby ကိုလုံလုံလောက်လောက်မကာကွယ်
နိုင်ခဲ့တဲ့အပြင် မာန် ရဲ့ရိုင်းစိုင်းကြမ်းတမ်း
တဲ့ဘက်ကိုပါမတော်တဆ ပြသခဲ့မိသည် ။
ဒီတိုင်းဆို Baby က မာန့် ကိုဆက်ပြီးချစ်ရဲ
ပါဦးမလား ။ Baby ကမချစ်တော့ဘူးဆိုတဲ့
အတွေးနဲ့တင် မာန် စိတ်တွေတည်ငြိမ်အောင်
မထားနိုင်တော့ချေ...။

💞 Eternal Love 💞 { Completed }Where stories live. Discover now