Chapter _ 26

23K 1.6K 79
                                    

Unicode
********

[ ဖြစ်နိုင်ရင်ဒီအပိုင်းကိုစာတွေကျော်မဖတ်
ပါနဲ့ ။ နည်းနည်းရှုပ်ထွေးတဲ့ဇာတ်ကွက်လေး
တွေပါတာကြောင့်စာကျော်ဖတ်လိုက်ရင်နား
မလည်မှာစိုးလို့ပါ ]

*********************************

X မြို့ဆိုတာကလူနေမထူထပ်ပေမယ့်
စည်ကားတဲ့မြို့တစ်မြို့ဖြစ်တာကြောင့်
ပုံမှန်လူတွေနဲ့မတူတဲ့ သူစိမ်းနှစ်ယောက်
ကိုဘယ်သူမှသတိထားမိခြင်းမရှိ.....။

** Ring.....Ring **

X မြို့ကိုရောက်ရောက်ချင်းမှာဘဲဖုန်းဝင်
လာတဲ့အသံကြောင့် သူတို့ညီအစ်ကိုနှစ်
ယောက်လုံးအချင်းချင်းကြည့်လိုက်မိသည် ။

" Hello! "

" ဘယ်ရောက်ပြီလဲ.... "

တစ်ဖက်အမျိုးသားရဲ့အသံကစက်တစ်ခု
ခုခံပြီးအသုံးပြုထားတာကြောင့် တဂျစ်ဂျစ်
နဲ့အသံထွက်နေသည် ။

" မြို့ထဲရောက်နေပြီ....မင်း ကိုဘယ်မှာလာ
တွေ့ရမလဲ "

" ငါ့ကိုလာတွေ့စရာမလိုဘူး....ကြိုပြောထား
တဲ့အတိုင်း ခင်ဗျား တို့သေသေချာချာလုပ်
ဖို့ဘဲလိုတယ် "

တဖက်အမျိုးသားရဲ့စကားကသူတို့ကိုစဥ်း
စားစရာတွေဖြစ်လာစေသည် ။ သော်နန်းစံ
ဆက်သွယ်လာပြီးအလုပ်အပ်ချင်တဲ့အ
ကြောင်းပြောတဲ့နေ့မှာဘဲ ဒီအမျိုးသားက
လည်းသူတို့ဆီကိုအလုပ်အပ်လာခဲ့သည် ။
သူတို့သတ်ပေးရမှာက ရှိုင်းစေ ဆိုတဲ့ကျောင်း
သားလေးကိုပင် ။

ေနာက်တစ်နေ့သူတို့ သော်နန်းစံ ကိုသွားတွေ့
တဲ့အခါမှာလည်း ရှိုင်းစေ ဆိုတဲ့ကျောင်းသား
လေးကိုသတ်ပေးဖို့အလုပ်အပ်ခြင်းပင် ။
ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်နိုင်ပြီမို့ သူတို့
ဒီအလုပ်ကိုချက်ချင်းလက်ခံခဲ့ကြသည် ။
ဒါပေမယ့် သူတို့ကိုဖုန်းနဲ့ဘဲဆက်သွယ်လေ့
ရှိတဲ့အမျိုးသားကတော့ နာမည်မပြောနဲ့ဒီလူ
ရဲ့အသံအစစ်ကိုတောင်သူတို့မသိကြပေ ။

" ဒါဆို....ကျုပ်ဘာဆက်လုပ်ရမှာလဲ "

သူတို့ကိုဒီနေ့အမှီ X မြို့ကိုတက်လာခိုင်း
တာကတစ်ဖက်ကအမျိုးသားဖြစ်တာ
ကြောင့် အဲ့ဒီလူရဲ့ဆုံးဖြတ်ချက်ကိုမေး
လိုက်သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now