Chapter _ 39

23.4K 1.5K 66
                                    

Unicode
********

" အာ့! "

ကားတစ်စီးလုံးတက်ကြိတ်ခံထားရသလို
နာကျင်မှုကြောင့် ရှိုင်းစေ ခပ်တိုးတိုးညည်း
ညူလိုက်မိသည် ။ တင်းတင်းကြပ်ကြပ်
ဖက်တွယ်ထားတဲ့ လက်မောင်းကြီးတွေက
ရှိုင်းစေ ခါးတစ်ဝှိုက်မှာနေရာယူထားဆဲ ။

နာကျင်ကိုက်ခဲနေသည့်ခါးလေးကိုခပ်ဖွဖွ
ဖိနှိပ်ရင်းကိုယ့်ကိုကိုယ်ငုံ့ကြည့်လိုက်တော့
အတွင်းခံဘောင်းဘီအနက်ရောင်လေးနဲ့
ကိုကို့ Shirt အင်္ကျီအနက်ကိုဝတ်ထား၏ ။
ဒါဆို ကိုကို မနေ့ကသူ့ကိုသန့်ရှင်း, ပြုစုပေး
ရင်းအချိန်ကုန်ခဲ့ပုံရသည် ။

" အာ့!...ဟင့်....ဟင့်..."

ကိုကို မသိအောင်ထပါ့မယ်ဆိုကာမှ ခါးရိုး
တစ်လျှောက်လုံးနာကျင်မှုကဆန်တက်လာ
သည် ။ ဒါတင်မကသေး, သူ့ခြေထောက်က
ပါအားမရှိတော့သလိုပျော့ဖက်လျှက်....။ ဒီ
ရှက်စရာအခြေနေကြီးကိုဘယ်လိုများဖြတ်
ကျော်ရမလဲမသိတော့ ။

" Baby....ဘာဖြစ်လို့လဲ....ဟင်..."

သူ့ခန္ဓာကိုယ်လေးကနာကျင်မှုကြောင့်တုန်
ယင်နေတာမို့ ကိုကို ပါနိုးသွားရသည် ။
နိုးတာကအရေးမကြီးဘူး ဘာတဲ့ သူ့ကိုမေး
လိုက်တာ " ဘာဖြစ်လို့လဲ " ဟုတ်လား ။
ပြောပြလို့မရတဲ့သူ့ရဲ့အောက်ပိုင်းတစ်နေရာ
ကအထိမခံနိုင်လောက်အောင်နာနေတာလေ ။

" အင့်...ဟင့်....နာတယ်...ဟင့်...ကိုကို ပြော
တော့မနာဘူးဆို....ဟင့်......"

ဖြူဥနေတဲ့အသားအရည်လေးပေါ်မှာ
မာန့် Shirt အနက်ရောင်ဆင်ပေးထားတာ
မို့ Baby ကတကယ့်ကိုအလှနတ်ဘုရားအ
လား ။ ညှပ်ရိုးလေးတစ်ဝိုက်ကခရမ်းရောင်
သမ်းလုလုအနမ်းရာတွေကိုမြင်တော့ Baby
သတိမလစ်ခင်အချိန်ထိ မှောက်လိုက် လှန်
လိုက်လုပ်ခဲ့တဲ့အချိန်ကိုတောင်ပြန်သတိရ
သွားသည် ။

" တိတ်...တိတ်...မငိုနဲ့တော့နော်...မနာအောင်
ကိုယ်ဆေးလိမ်းပေးမယ်လေ..."

ရင်ခွင်ထဲဆွဲဖက်ရင်းညင်ညင်သာသာလေး
ချော့မြူတော့ မာန့် ကိုမျက်လုံးပြူးလေး
နဲ့မော့ကြည့်သည် ။

" မလိမ်းပေးနဲ့....ဟင့်..."

" မလိမ်းရင် ကိုယ့်ယုန်ကလေးက နာနေမှာ
ပေါ့, မနက်စာစားပြီး ဆေးလဲသောက်ရဦး
မယ်လေ.."

💞 Eternal Love 💞 { Completed }Where stories live. Discover now