Chapter _ 2

28.8K 2.1K 42
                                    

Unicode
********

" အား!!...ငါ့ကလေးမဟုတ်ဘူး...မကောင်းဆိုး
ဝါး...ထွက်သွား...မကောင်းဆိုးဝါးကောင်..."

" ဟုတ်ပြီ...ဟုတ်ပြီ...စိတ်လျော့ထားနော်...ယောက်ျားတခြားနေရာပို့လိုက်မယ်.."

သူဝင်ခွင့်မရှိတဲ့အိမ်မကြီးဆီကို မျက်လုံးဝိုင်း
ဝိုင်းလေးတွေနဲ့ချောင်းကြည့်နေရှာသည့် ၃ နှစ်
အရွယ်ကလေးငယ်....။ ကြင်နာမှုတွေမပေးနိုင်
ရင်နေပါ တစ်နေ့တစ်ခါအစာကျွေးစရာလိုအပ်
နေတဲ့ သူ့ကိုသတိရကြဖို့တော့တောင်းတမိ
တယ်...။

တစ်ခါတစ်လေကျရင်တွေးမိတယ် ဟိုဘက်
အိမ်က ဘိုကျားလေးကဘာလို့ သူ့ထက်ပိုပြီး
ထမင်းစားရတာလဲ... သူ့ထပ်ပိုပြီးဘာလို့
ကောင်းကောင်းနေရတာလဲလို့.....။ ဒါပေမယ့်
၃ နှစ်သားဦးနှောက်လေးနဲ့ သူနားလည်အောင်
မတွေးနိုင်ခဲ့ပါဘူး ။

အိမ်အဝင်ပေါက်ကတံခါးခြားလေးနားကပ်
နေသည့် ပိန်ပိန်လှီလှီကလေးငယ်လေး ကို
သူ၏ ဖခင်ဆိုသူကဝါးစားမတတ်စိုက်ကြည့်
နေသည် ။

" စကတည်းက ကောင်းကျိုးမပေးတဲ့ကောင်
ဘယ်သူနဲ့တူလို့ မျက်လုံးကစိမ်းနေတာလဲ"

နားဝင်မချိုတဲ့စကားတွေကို သူနားမလည်
သေးပေမယ့် ဒီအိမ်ကြီးရဲ့လူကြီးနှစ်ယောက်
ကသူ့ကိုအလိုမရှိကြမှန်းကိုတော့နားလည်နေ
ပြန်သည် ။ အရက်တန်ခိုးကြောင့်နီရဲနေတဲ့
မျက်လုံးတွေနဲ့ လက်ဆစ်တစ်ဖျောက်ဖျောက်
ချိုးရင်း အိမ်တံခါးဆီခြေလှမ်းကျဲတွေနဲ့လှမ်း
လာသည့် အဖေဖြစ်သူကြောင့်သူရိုက်ခံရတော့
မယ်ဆိုတာ ကလေးငယ် နားလည်လိုက်သည် ။

မကြာခင်မှာဘဲ သူ့ရဲ့ဦးခေါင်းတစ်ခုလုံးကြိမ်း
စက်နာကျင်သွားရသည် ။ သန့်ရှင်းရေးမလုပ်
ရတာကြာပြီဖြစ်တဲ့ သူ့ရဲ့ဆံပင်လေးတွေကအ
ဖေလုပ်သူရဲ့ လက်ကြားတွေထဲမှာလုံးထွေးနေ
ပြီး သူ့ရဲ့ခန္တာကိုယ်သေးသေးလေးကလဲ မြေကြီးပေါ်တရွတ်တိုက်လို့....။ ထုံးစံအတိုင်း အဖေဖြစ်သူက သူ့ကိုမီးသွေးတွေထားတဲ့ တဲစုတ်လေးထဲဆွဲခေါ်လာခြင်းပင်...။

တဲစုတ်ကြီးရယ်လို့မငြိုငြင်ရက်ပါဘူး ဒါလေး
ကသူတစ်ကိုယ်တည်းနားခိုရာနေရာလေး...။

💞 Eternal Love 💞 { Completed }Where stories live. Discover now