Chapter _ 20

27.8K 1.9K 91
                                    

Unicode
********

* တောက်!! ဒုန်း! *

လမ်းမကြီးထက်တစ်ရိပ်ရိပ်ပြေးနေတဲ့အ
နက်ရောင် ကားပေါ်တွင် အပ်ကျသံပင်မ
ကြားရအောင်တိတ်ဆိတ်နေသည်။ တစ်
ချက် တစ်ချက် မာန့် တောက်ခေါက်သံက
လွဲလို့ အရာအားလုံးကငြိမ်သက်လျက်....။

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုဖြိုခွင်း
လိုက်တဲ့တောက်ခေါက်သံနဲ့အတူ ကားစီ
ယာတိုင်ကိုပါ အသံမြည်အောင်ရိုက်ပစ်
လိုက်တာကြောင့်ဘေးမှာကုပ်ကုပ်လေးပါ
လာတဲ့ ရှိုင်းစေ ကိုယ်လုံးလေးပင်တုန်သွား
ခဲ့သည်။

Hotel ကထွက်လာတော့ ဘုန်းမင်း ဆီက
ကားသော့ဆွဲယူပြီး မာန် ကိုယ်တိုင်ကား
မောင်းကာ အိမ်ပြန်လာခဲ့သည်။ Baby ကို
ကျောင်းပို့လိုက်တာ အခုလိုတခြားကောင်
နောက်လိုက်သွားပြီး တခြားကောင်ရင်ခွင်
ထဲခိုဝင်နေဖို့မဟုတ်။

Baby ကို မာန် စိတ်လွတ်နေတဲ့အခြေနေမ
မြင်စေချင်လို့အတက်နိုင်ဆုံးထိန်းချုပ်နေ
ပေမယ့် ဂုဏ်ရှိုန်သွေး ရင်ခွင်ထဲပစ်ဝင်သွား
တဲ့ Baby ရဲ့ပုံရိပ်က မာန့် မျက်လုံးထဲပြန်
ဝင်လာချိန်မှာတော့ မာန် ဒေါသကိုမထိန်း
နိုင်တော့ပေ ။

မာန့် ဘေးမှာငြိမ်ငြိမ်လေးလိုက်လာတဲ့
Baby ကိုလှည့်မကြည့်မိအောင်ထိန်းချုပ်
ရင်း ကားကိုသာအမြန်မောင်းလာမိသည် ။
ဒေါသအလျှောက်အမြန်မောင်းလာမိခဲ့တဲ့
အနက်ရောင်ကားကြီးက စံအိမ်ထဲဝင်လာ
ချိန်မှာတော့လိုတာထက်ပင်အရှိန်များလို့
နေသည် ။

Baby ကိုဂရုမစိုက်တာမဟုတ်ပေမယ့်
100% Save ဖြစ်တဲ့ကားမို့ မာန် ဘရိတ်
ဆောင့်အုပ်ကာစံအိမ်ရှေ့မှာထိုးရပ်ပစ်
လိုက်သည် ။ မာန့် ကိုခိုးခိုးကြည့်နေတဲ့
Baby ကိုလျစ်လျူရှုကာ ကားပေါ်ကဆင်း
လိုက်တာကြောင့် Baby ကလည်း မာန့်
နောက်ကနေငြိမ်ငြိမ်လေးလာရပ်နေသည် ။

ကျစ်..... ဒီကျောက်စိမ်းရောင်မျက်လုံး
လေးတွေကသေလောက်အောင်လှနေမှ
တော့ ဟိုတဏာရူးကောင်က Baby ကို
မျက်စိကျပြီပေါ့..။

Baby ကိုတပ်မက်တဲ့မျက်လုံးတွေနဲ့ကြည့်
ပြီးလက်လျော့မှာမဟုတ်ဘူးလို့ပြောခဲ့တဲ့
ဂိုဏ်ရှိန်သွေး ရဲ့စကားတွေက မာန့် နားထဲ
ကမထွက်...။ မာန့် နောက်မှာကုပ်ကုပ်လေး
ရပ်နေတဲ့ Baby လက်တစ်ဖက်ကိုဆတ်ခနဲ
ဆောင့်ဆွဲကာ စံအိမ်ထဲခြေလှမ်းကြဲတွေ
ဖြင့်လှမ်းဝင်သွားလိုက်သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now