Chapter _ 15

27.9K 1.9K 46
                                    

Unicode
********

S ကျောင်းအနီးတစ်ဝိုက်နဲ့ နှစ်ထပ်တိုက်အိမ်
ကြီးအနီးမှာအနက်ရောင်ကားတစ်စီးကို ၂
ရက်တိုင်တိုင်မကြာခဏတွေ့နေရသည် ။
ထိုအနက်ရောင်ကားလေးက တစ်နေရာတည်း
မှာဘဲအချိန်အကြာကြီးရပ်နေတတ်ပြီး ခဏ
တစ်ဖြုတ်သာထွက်သွားတတ်သည် ။

ထိုအနက်ရောင်ကားလေးကိုသိတဲ့သူဆိုရင်တော့ကားပိုင်ရှင်က G & S Company ဥက္ကဋ္ဌ
ဂိုဏ်ရှိန်သွေး ရဲ့ကားဖြစ်တယ်ဆိုတာသိနိုင်
သည် ။

ဂုဏ် ကျောင်းအနီးတစ်ဝိုက်နဲ့ ကောင်လေး နေ
တဲ့အိမ်အနီးနားမှာ စောင့်ကြည့်နေပေမယ့် ၂
ရက်ကျော်သာကြာသွားတယ် ကောင်လေး ရဲ့
သတင်းတော့မရခဲ့ပေ ။ ၂ ရက်လုံးလည်း ဂုဏ်
အိမ်မပြန်ဖြစ်ဘဲ ကားပေါ်မှာသာအချိန်ကုန်ခဲ့
သည်။

ကောင်လေး ကမိဘအရင်းတွေရဲ့စွန့်ပစ်ခြင်း
ခံခဲ့ရပြီးနောက် မွေးစားမိဘတွေလက်ထဲမှာ
ကြီးပြင်းလာရတယ်ဆိုတဲ့အကြောင်းသိသိ
ချင်း ဂိုဏ် ဒီနေရာကိုအပြေးလာခဲ့မိသည် ။
ဒီလိုအခြေအနေမှာတောင် ကိုယ့်အားကိုယ်ကိုး
ပြီးကျောင်းတက်နိုင်တဲ့အရည်အချင်းရှိတဲ့
ကောင်လေးက ဂိုဏ် ထင်ထားတာထက်ပိုသန်
မာခဲ့ပုံပင် ။

* Ring....Ring *

ဂိုဏ် ကားထဲထိုင်ရင်းမျက်လုံးမှိတ်ကာအနား
ယူနေစဥ် ဖုန်းရဲ့တုန်ခါသံကြောင့်မျက်လုံးတို့
ကိုပြန်ဖွင့်လိုက်သည် ။

" Hello....... "

" CEO  Metting စတော့မယ် Company
ရောက်တော့မှာလား "

" အာ....ဆန်းထူး ငါမလာဖြစ်လောက်ဘူး
Metting ကိုမင်းဘဲတက်လိုက်ကွာ ..."

" ဗျာ....CEO နေမကောင်းလို့လား "

" မဟုတ်ဘူး....ငါ ကလေးငယ် အိမ်နားမှာ
Company ကိစ္စကိုမင်းဘဲတာဝန်ယူထား
လိုက် "

တစ်ဖက်ကဖုန်းချသွားတဲ့အချိန်ထိ ဆန်းထူး
မှင်သက်စွာရပ်နေမိသည်။ Company မလာ
ဖြစ်ဘူးဆိုတဲ့ အကို့ ရဲ့စကားကြောင့်နေမ
ကောင်းများဖြစ်နေပြီလားဆိုတဲ့ စိတ်နဲ့အမြန်
ပြေးသွားလိုက်ချင်တဲ့ဆန္ဒတို့က ကလေးငယ်
အိမ်နားမှာဆိုတဲ့စကားအောက်မှာငြိမ်သက်
သွားရသည်။

💞 Eternal Love 💞 { Completed }Where stories live. Discover now