EXTRA _ 11

14.2K 1.1K 93
                                    

Unicode
********

" အား!! ခစ်...ခစ်...ခစ် ကိုကို...လုပ်နဲ့လေ..."

လှပမှု နှင့် ခမ်းနားခြင်း တွေပေါင်းစပ်ထား
သည့်အိပ်ခန်းကျယ်ကြီး၏ ရေချိုးခန်းထဲ
တွင် အသက်ငယ်ငယ် ကောင်လေးတစ်
ယောက်ရဲ့ရယ်သံလေးတွေကြောင့်ဆူညံနေ
သည် ။ Bathtub ထဲမှာဇိမ်ကျကျလှဲလျောင်း
နေသည့်ကောင်ငယ်လေးရဲ့ပူဖောင်းလေးလို
ဗိုက်ကလေးမှာ ရေတွေကြားထဲကနေ တစ်စ
တစ်စထွက်ပေါ်လာလျှက်.. ။

" ကိုကို...အာ...."

ပါးစုန့်လေးမို့တက်လာသည်ထိ စားနေရှာတဲ့
Baby ရဲ့ ပါးစပ်လေးထဲကို ကြက်ဥပူတင်း
လေးခွံ့လိုက်ပြီးနောက် ပါးအိအိလေးကိုလဲ
တစ်ဆက်တည်းမွှေးကြူပစ်လိုက်သည် ။
Baby ရဲ့ကိုယ်ဝန်က ၈ လထိရှိလာပြီးနောက်
ပိုင်းအစားအသောက်မပျက်တော့တာကြောင့်
မာန် စိတ်ချမ်းသာနေသည် ။

မာန့် Baby Bunny လေးအစားအသောက်
မပျက်တော့သည့်နောက် Baby အစားစား
ချင်စိတ်ဖြစ်လာသည့်အချိန်တိုင်း ညသန်း
ခေါင်ဖြစ်နေပါစေ Baby စားချင်တာကိုပြု
လုပ်ပေးစေသည် ။ အခုတော့ Baby ကိုရေ
ချိုးပေးရင်း ဗိုက်ဗိုက်လေးစားချင်တဲ့ ကြက်
ဥပူတင်းလေးပါတစ်ခါတည်းကျွေးနေတာပင်
။ မာန် ကဟိုဟို ဒီဒီဆေးကြောပေးတော့ တစ်
ခစ်ခစ်ရယ်ကာပျော်နေ၏ ။

" Baby ခဏနေမှဆက်စားနော်.... ရေချိုးတာ
တော်လိုက်ရအောင် "

မာန့် စကားကိုပြန်ဖြေခြင်းမရှိတာက Baby
ပါးစပ်လေးထဲ ပူတင်းလေးတွေနဲ့ပြည့်နေလို့
ပင် ။ Bathtub ထဲကနေ လက်လေးဆန့်
ထုတ်ပေးလာတဲ့ Baby ကသူ့ကိုချီသွားပါဆို
တဲ့သဘောဖြင့် ။ တပတ်ကြီးတစ်ခုဖြင့် Baby
ကိုယ်လုံးလေးကိုထွေးပွေ့လိုက်ပြီး အခန်းထဲ
ခေါ်လာလိုက်သည် ။

ကုတင်ပေါ်ရောက်သည်ထိ ပါးစပ်ကလေးတ
လှုပ်လှုပ်ဖြစ်နေဆဲ Baby ကြောင့် တစ်ကိုယ်
လုံးဖုံးနေတဲ့ တပတ်ကြီးကိုဖယ်ရှားလိုက်တော့
ဘေစင်ပေါ်မှာ မာန် တင်ထားခဲ့တဲ့ပူတင်းဗူး
ကြီးကို ယူချလာတာဖြစ်သည် ။ သဘောက
တော့ သူကစားစရာရှိတာစားမယ် မာန် ကလုပ်
စရာရှိတာလုပ်ပေးပေါ့လေ...။ ဗိုက်ကလေးပူ
လာမှ တစ်နေ့တစ်ခြားကလေးနဲ့တူလာတဲ့သူ့
ကို မာန် ခံတွင်းထဲသာငုံထားပစ်လိုက်ချင်
တော့သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now