Chapter _ 10

25.6K 1.9K 73
                                    

Unicode
********

Myanmar Airport🛬🛬🛬

လေယာဥ်ပေါ်ကဆင်းဆင်းချင်း Baby
Bunny နဲ့နီးကပ်သွားသလိုခံစားလိုက်
ရတဲ့နှလုံးခုန်သံကြောင့် မာန် သက်ပြင်းရှိုက်
လိုက်မိသည် ။ လေဆိပ်ခေါင်းစီးမှာထင်ရှား
စွာရေးထိုးထားသည်က X မြို့အပြည်ပြည်
ဆိုင်ရာလေဆိပ်ဟူ၍..။

မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့မြို့တွေများပါရက်
နဲ့ဘာလို့ X မြို့ကိုစိတ်ဝင်စားမိနေတာလဲ
မာန် ကိုယ်တိုင်လည်းမသိပေ...။ မာန် မြန်မာ
နိုင်ငံမှာပထမဆုံးအခြေတည်မယ့် Company
ကြီးကိုတောင် X မြို့မှာဘ​ဲတည်ထောင်ခဲ့သည် ။

{ Boss.... ကားတွေအဆင်သင့်ဖြစ်ပြီ }

မာန် မြန်မာနိုင်ငံကိုမလာခင်ကတည်းက
သင်္ဘောဖြင့်တင်ပေးလိုက်သည့် Rolls_Royce
SUV ကားအနက်ရောင်နဲ့ Dragon ဂိုဏ်းက
သုံးသည့်ကားတွေအကုန်ဒီကိုအချိန်မှီရောက်
ဟန်တူသည် ။

လေဆိပ်ဝင်းအတွင်းမှာတန်းစီရပ်ထားသည့်
အဆင့်မြင့်ကားကြီးတွေကြောင့် စပ်စပ်စုစု
လုပ်နေကြသူတွေကအများသား...။ အရေအ
တွက်ကန့်သတ်ပြီးထုတ်ထားတဲ့ Rolls_Royce
ကားကြီးအပြင် လူ၁၀ယောက်လောက်အနည်း
ဆုံးထိုင်လို့ရတဲ့ကားနက်ကြီးတွေက မြင်တဲ့သူ
တိုင်းကိုမျက်စိမလွဲချင်လောက်အောင်ဆွဲ
ဆောင်နေသည်လေ...။

" ဒီလောက်လူတွေအများကြီးလာကြိုတာဆို
တော့ဘယ်သူလဲမသိဘူးနော်... Xiao Zhan
တို့ Wang Yi Bo တို့များဖြစ်နေမလားမသိဘူး "

" ကဲ...လိပ်မရယ် ငြိမ်ငြိမ်နေစမ်းပါဟဲ့ "

" နင်ကြည့်ပါလား... အဲ့မှာ Bodyguard တွေ
လည်းအများကြီး... ဟိုအလယ်ကကားအနက်
ကြီးကလည်း idol တွေစီးတဲ့ကားမျိုးလေ "

ပတ်ဝန်းကျင်ကခန့်မှန်းနေတဲ့အသံတွေက
ကုလားသိုက် ကျားဝင်ကိုက်သလိုဆူညံနေ
သည် ။ တော်သေးတယ်မိန်းမငယ်လေးတွေမို့
လို့..။ မာန် ဆူညံနေတဲ့ပတ်ဝန်းကျင်ကိုလျစ်
လျူရှုကာ လေဆိပ်ထဲကထွက်လာခဲ့သည် ။

" အား!! သူ့ကိုငါသိတယ် D & M Company
ဥက္ကဋ္ဌ Xiao Wang ဘဲဟ "

" ငါတော့မသိဘူး ဒါပေမယ့် Daddy အဆင်
ကြီးနော်...ဟီး...ဟီး "

💞 Eternal Love 💞 { Completed }Where stories live. Discover now