Chapter _ 23

25.5K 1.8K 117
                                    

Unicode
********

စကားပြောကောင်းပြီးမျက်နှာချိုလွန်းတဲ့
ပိုးလေး ကို ရှိုင်းစေ လွယ်လွယ်ခင်တွယ်သွား
ခဲ့သည် ။ ရှိုင်းစေ နဲ့မတူတဲ့သူလေးကအ
ရာရာကိုလုပ်ကိုင်နိုင်စွမ်းရှိသလို ဘယ်သူ့
ကိုမှလဲမကြောက်... ။

မနက်ကလည်း ရှိုင်းစေ ဘေးမှာထိုင်နေကျ
အကိုမင်းပိုင် ကိုကန်ထုတ်ပြီးပြုံးဖြဲဖြဲနဲ့
အဲ့ဒီနေရာကိုဝင်ထိုင်ပစ်သည် ။ ဟိုကဖယ်
ခိုင်းလဲမဖယ်ပေး ပေကပ်ပြီးထိုင်နေသည် ။
အခုအတန်းချိန်တွေပြီးတော့လည်း
သူ့ကျောပိုးအိတ်ကိုချွတ်ယူပြီး ကိုမြတ် ဆီ
ပစ်ပေးကာ သူ့(ပိုးလေး)လွယ်အိတ်ကိုလည်း
အနောက်ကလူကြီးဆီကိုလှမ်းပစ်လိုက်
သည် ။

" ဦးလေးကြီးတို့ပြန်တော့...ကျွန်တော်
ရှိုင်းပေါက် နဲ့လျှောက်လည်လိုက်ဦးမယ် "

ပိုးလေး စကားကြောင့် မြတ်သူ ခေါင်းတစ်
ခုလုံးရှိသမျှအမွှေးတွေအကုန်ထောင်သွား
သလိုပင် ။ သခင်လေး ကိုတစ်နေရာရာ
ထွက်သွားမှာစိုးလို့ Boss ကိုယ်တိုင်သူ့ကို
တာဝန်ပေးလိုက်ကာမှ တခြားလူနောက်ပါ
ဖြစ်အောင်ပါသွားတယ်ဆိုလို့ကတော့ မြေ
အောက်ခန်းထဲမှာမွေးထားတဲ့ Boss ရဲ့အ
ချစ်တော်လေး ယန်ရှု ရဲ့အစာက မြတ်သူ
ကိုယ်တိုင်ဖြစ်သွားပါလိမ့်မည်။

( ယန်ရှု = လိုင်စင်နဲ့တရားဝင်မွေးခွင့်ပြု
ထားတဲ့ခြင်္သေ့ဖြူ.....အပေါ်မှာပုံလေးပါ
ထည့်ပေးလိုက်ပါတယ်)

ရှိုင်းစေ လက်ကိုဆွဲပြီး ပက်ကော့ပက်ကော့
နဲ့ထွက်သွားတဲ့ ပိုးလေး ကို ပိုင်ဇင်ခ နဲ့ မြတ်
သူ တို့နှစ်ယောက်သားပြေးဆွဲရပြန်သည်

" ဟာ..ဟေ့ကောင် ပိုးပြည့်စုံ သခင်လေးကို
ခေါ်သွားလို့မရဘူး မင်းဟာမင်းသွားလည်
ချင်ရင် မင်းဘေးက လောရှည်နဲ့သွား "

ရှိုင်းစေ လက်ကိုအမိအရဖမ်းဆွဲထားလိုက်
တော့ ဟိုကောင်လေးမျက်နှာက ငါးပူတင်း
လေးလိုစူဖောင်းလာသည် ။

" ဒီဦးလေးကြီးနဲ့မသွားချင်လို့ပေါ့ အသက်
ကကြီးနေပြီ ကျွန်တော်တို့နောက်ဘာလို့
ခေါ်ရမှာလဲ ။ ရှိုင်းပေါက် ကိုခေါ်သွားမှာဘဲ
နောက်မှ ကျွန်တော် အကိုမာန် ကိုဖုန်းဆက်
လိုက်မယ် "

💞 Eternal Love 💞 { Completed }Where stories live. Discover now