Chapter _ 29

28K 1.7K 128
                                    

Unicode
********

ဆေးရုံကုတင်ထက်တွင် အရုပ်လေးတစ်
ရုပ်ချထားသည့်အလား ဖျော့တော့စွာ
အိပ်ပျော်နေသည့် သခင်လေး ကပြင်
ပအသိစိတ်တို့ပြန်လည်မရရှိသေးသည့်
တိုင် တစ်ခုခုကိုခံစားနေရဟန်ဖြင့်မျက်
ဝန်းအိမ်လေးထဲက မျက်ရည်စတို့ကျ
ဆင်းလာလျှက်ရှိနေသည် ။

သခင်လေး ကိုစောင့်ကြည့်ပေးနေစဥ်
ဘေးချင်းကပ်အခန်းမှာရှိနေသည့် Boss
ကိုဆရာဝန်တွေဆေးလာစစ်ပေးရမယ့်
အချိန်ရောက်နေပြီမို့ ဘုန်းမင်း တစ်ဖက်
အခန်းကိုကူးလာခဲ့လိုက်သည် ။ ဘုန်းမင်း
Boss အခန်းထဲဝင်လိုက်တော့ တာဝန်ကျ
ဆရာဝန်တောင်ရောက်နေချေပြီ ။

အချိန်မှန်ဆေးစစ်မှုတွေပြုလုပ်နေရဆဲ
ဖြစ်တာကြောင့် တာဝန်ကျဆရာဝန်က
လိုအပ်တာတွေကိုတောက်လျှောက်ပြင်
ဆင်လုပ်ကိုင်နေခဲ့သည် ။ Boss ခွဲစိတ်
ထားတဲ့ဒဏ်ရာကိုပိုးသတ်ပြီးဆေးပြန်
ထည့်ပေးတာတွေလုပ်ပေးနေစဥ်တစ်
လျှောက်လုံး တာဝန်ကျဆရာဝန်ကို
ဘုန်းမင်း စက္ကန့်မလပ်စောင့်ကြည့်နေခဲ့
သည် ။

" လူနာအခြေနေကတည်ငြိမ်နေပြီ ဘာစိုး
ရိမ်စရာမှလဲမရှိတော့ဘူး..."

ဆေးပစ္စည်းတွေသိမ်းဆည်းရင်းအသိပေး
လာသည့်ဆရာဝန်ကို ဘုန်းမင်း အလိုမကျ
ဟန်ဖြင့်မျက်မှောင်ကြုံ့ကာစိုက်ကြည့်
လိုက်သည် ။

" ၂ ရက်ရှိနေပြီ...ခွဲစိတ်မှုအောင်မြင်တယ်
ဆိုရင်ဘာလို့ အခုချိန်ထိသတိမရတာလဲ "

" လူနာရဲ့ဓားဒဏ်ရာကအရှိန်နဲ့ထိုးသွင်းခံ
ခဲ့ရတဲ့အခြေအနေဖြစ်ခဲ့တာကြောင့် ခန္ဓာ
ကိုယ်တွင်းသွေးယိုစီးမှုဖြစ်ခဲ့တယ်.....ဒါ
ကြောင့်ခွဲစိတ်တဲ့အချိန်ကပုံမှန်ထက်ပို
ကြာခဲ့တဲ့အပြင်ခွဲစိတ်နေရင်း Shock ဖြစ်
သွားသေးတာမို့ကျွန်တော်တို့လဲမနည်းအ
သက်လုခဲ့ရတယ် အခုကဆေးအရှိန်နဲ့
အိပ်နေတာပါ ခဏနေရင်နိုးလာပါလိမ့်
မယ် "

ဆရာဝန်ရဲ့ရှင်းပြချက်တွေကိုသေချာနား
ထောင်ပြီးနောက် ဘုန်းမင်း ထိုဆရာဝန်ကို
အခန်းပြင်ထွက်ခွင့်ပေးလိုက်သည် ။ ဆရာ
ဝန်ကအခန်းပြင်ရောက်ပြီးမှတစ်ခုခုကိုသ
တိရသွားဟန်ဖြင့် အခန်းပေါက်မှာရပ်လိုက်
သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now