EXTRA _ 3

18.2K 1.3K 69
                                    

Unicode
********

" Baby အခြေနေဘယ်လိုရှိလဲ "

အနက်ရောင်ဖဲမွေ့ယာထက်က Baby ကိုယ်
လုံးလေးကိုရင်ခွင်ထဲမြုပ်မတတ်ပွေ့ဖက်ရင်း
မာန့် ရှေ့မှာရပ်နေသည့် ဦးထည်ဝါ ကိုမေးခွန်း
ထုတ်လိုက်သည် ။ မာန့် ပုံစံနဲ့နေသားကျနေ
သည့်အလား ဦးထည်ဝါ က Baby ကိုပုံမှန်အ
တိုင်းဆေးချိတ်ပေးနေရင်း မာန့် ကိုမော့ကြည့်
လာ၏ ။

" အရင်တစ်ခေါက်က ဦးလေးတို့ဆွေးနွေးထား
တဲ့အတိုင်းပါဘဲ ရှိုင်းစေ က ဟော်မုန်းပြောင်း
လဲခြင်းအဆင့်ကိုရောက်နေပြီ နောက်ဆို ဒီ
ထက်ဆိုးတဲ့အခြေနေတွေလဲရှိလာနိုင်တယ် ။
ဥပမာ အခုလိုရုတ်တရက်မူးလဲတာတို့ နှခေါင်း
သွေးလျံတာ ၊ မူးဝေ ၊ အော့အန် တာမျိုးတွေ
ပေါ့..."

မာန့် ဘဝမှာအခုလိုစိုးရိမ်ပူပန်ရတဲ့အခြေနေ
တစ်ခါမှမရှိခဲ့ဖူးပေ ။ Baby ကိုရင်ဝယ်ပိုက်
ထားသည့်တိုင် ဘယ်အချိန်များပြန်ပျောက်ကွယ်သွားမလဲ မသိနိုင်တဲ့အခြေနေကြီးက
မာန့် ကိုရူးမတတ်ဖြစ်စေသည် ။ Baby သာမ
ရှိတော့ရင်ဆိုတဲ့စိတ်က မာန့် ကိုစိုးမိုးလာတဲ့
အခါ မာန့် နှလုံးသားပေါက်ကွဲထွက်ချင်လာ
သည် ။

" ဦးလေး ရှိုင်းပေါက် ကဘယ်လိုလုပ်ပေးရင်
နေပြန်ကောင်းလာမှာလဲ....ရွတ်! "

ချိုချိုလေးကိုပွေ့ပြီးတရှုံ့ရှုံ့နဲ့ငိုနေတဲ့ ပိုးပြည့်
စုံ ကစောစောကသူ့ကိုယ်သူ ကိုကြီး ကိုကြီးလို့
အော်ဟစ်ကြွေးကြော်ခဲ့တဲ့သူမဟုတ်တဲ့အ
တိုင်း ။

" ရှိုင်းစေ ရောဂါကကုစရာဆေးမရှိသလို ဒီ
ရောဂါကဆေးပညာထဲမှာတောင်မရှိဘူး ။ ဦး
လေးခန့်မှန်းရသလောက် ရှိုင်းစေ က ဖန်ပြွန်နဲ့
ယူထားတဲ့ ကလေးဖြစ်ရမယ် ။ ဖန်ပြွန်သန္ဒေ
သားယူတဲ့စုံတွဲတွေမှာ 00.1% သာရှိတဲ့ ဆေး
ပညာဘေးထွက်ဆိုးကျိုးကို ရှိုင်းစေ ကခံစား
နေရတာ ။ Male အဖြစ်မွေးဖွားလာပေမယ့်
Female ဟော်မုန်းရောယှက်နေတာမျိုးပေါ့ ။
ဦးလေး တို့တက်နိုင်တာကသူ့ကိုအစစအရာရာ
ဂရုစိုက်ဖို့ဘဲ "

ပိုးပြည့်စုံ က ဦးထည်ဝါ စကားတွေကိုမျက်
လုံးဝိုင်းကြီးတွေနဲ့သေချာနားထောင်နေစဥ်
မာန် ကတော့ရင်ခွင်ထဲက Baby ကိုသာဂရု
စိုက်နေပြီး ခဏလေးများလက်ဖယ်လိုက်မိ
ရင်ပျောက်ကွယ်သွားမှာစိုးသည့်အလား Baby
ကိုပွေ့ပိုက်ထားမိသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now