Unicode
********မှောင်မိုက်နေတဲ့ကောင်းကင်ယံကငွေဖြူရောင်
လမင်းကြီးရဲ့အလင်းကိုတော့ဖုံးကွယ်ထားနိုင်
စွမ်းမရှိပေ ။ တလတ်လတ်တောက်ပနေသည့်
ကြယ်လေးတွေနှင့် ဝိုင်းစက်နေတဲ့လမင်းကြီး
ကပြင်ပလောကကို အလှပဆုံးဖြစ်အောင်ပံ့ပိုး
နေကြသည် ။" Baby "
အဖြူရောင် Bathrobe လေးဝတ်ပြီးမွေ့ယာ
ပေါ်ပုံ့ပုံ့လေးထိုင်နေသည့် Baby မျက်နှာလေး
ကညိုးညိုးနွမ်းနွမ်း....။ ရေချိုးပြီးခါစမို့တစ်
ကိုယ်လုံးရေစက်လက်ဖြစ်နေပေမယ့် မာန်
Baby အနားကိုသာအရင်လျှောက်သွားလိုက်
မိသည် ။" Bunny...အဖျားငွေ့ငွေ့လေးရှိနေတာဘဲ..
Party မသွားနဲ့တော့..ကိုယ် လီယန် ကိုမလာ
တော့ဘူးလို့ပြောလိုက်မယ် "Baby နဖူးပေါ်လက်တင်ကာအဖျားစမ်းလိုက်
စဥ်ခပ်နွေးနွေးဖြစ်နေတဲ့ခန္ဓာကိုယ်လေးကိုသ
တိထားမိသွားတာမို့ မာန် Baby ကိုအပြင်မ
သွားစေချင်တော့...။" ဟင့်အင်း.... အင်္ကျီတွေလာပို့သွားတုန်းက
အကိုလီယန် ကပြောတယ်..ဒီနေ့ကြယ်မိုးရွာ
မှာတဲ့...Baby သွားချင်တယ်...."အနည်းငယ်ဟနေတဲ့ Bathrobe ကြောင့်
Baby ရင်ဘတ်ဖြူဖြူလေးကလစ်ဟာပြ
ထားသလိုဖြစ်နေသည့်အပြင်လည်တိုင်တစ်
လျှောက်လုံး မာန် အချစ်ကြမ်းထားတဲ့အမှတ်
အသားတွေအပြည့်နှင့်...။" ဒီအခန်းထဲကလဲ ကြည့်လို့ရတာဘဲလေ
ကိုယ် Baby အတွက်ငါးဆန်ပြုတ်လေးလုပ်
ခိုင်းထားပြီးပြီ...ဒီမှာဆန်ပြုတ်စားရင်းနဲ့ကြယ်
တွေကြည့်မယ်လေနော်..."လုပ်ချင်တာ မလုပ်ရဘူးဆိုတော့ ဝဲတက်လာ
တဲ့မျက်ရည်လေးတွေကို မျက်တောင်ရှည်ကြီး
တွေနဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မာန့် ကိုမော့
ကြည့်လာသည် ။"အင့်...ဟုတ်.."
ကျလုစဲစဲဖြစ်လာတဲ့မျက်ရည်တွေကိုသတိ
ထားမိသွားဟန်ဖြင့်ခေါင်းလေးငုံ့ပြီး မာန့် စ
ကားကိုနားထောင်ကြောင်းပြသည် ။ Baby
ရဲ့အခုလိုပုံစံလေးကို မာန် ဘယ်နှလုံးသား
နဲ့များတောင့်ခံနိုင်ပါ့မလဲ....။ တစ်နေ့ထက်
တစ်နေ့ပြောင်းလဲလာတဲ့ Baby ပုံစံလေးက
မာန့် ကိုအံ့အားသင့်စေသည် ။

YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist