EXTRA _ 9

16.3K 1.3K 86
                                    

Unicode
********

" အော့..အဟွတ်.... ဟွတ်....အင့်..."

နှာလေးရှုံ့ပြီးနဲ့ငိုလိုက် အန်လိုက်လုပ်နေတဲ့
Baby ရဲ့အသံလေးက ရေချိုးခန်းအပြင်ထိ
ပါကြားနေရသည် ။ ကိုယ်ဝန် ၄ လထိဖြစ်လာ
တဲ့အခါ Baby ရဲ့ဝေဒနာကပိုဆိုးလာသည် ။
ကိုယ်ဝန်စရှိစဉ်က အစားသောက်ကောင်း
ကောင်းစားခဲ့ပေမယ့် အခုတော့ဘာစားစား
အန်နေတော့၏ ။

" ကိုကို...ဟင့်...."

မျက်ရည်လေးသုတ်ပြီးထွက်လာတဲ့ Baby
ကိုဆွဲယူပွေ့ချီလိုက်ကာ ခပ်တင်းတင်းပွေ့
ဖက်ပေးထားလိုက်သည်။ သဘာဝနဲ့ဆန့်ကျင်
ပြီးဖြစ်တည်လာတဲ့ သ​ေန္ဓသားလေးက Baby
ရဲ့ခန္တာကိုယ်ထဲမှာအသားမကျပေ ။ တဖြေး
ဖြေးကြီးထြားလာတဲ့ သ​ေန္ဓသားလေးနဲ့ သား
အိမ်ဖွံ့ဖြိုးမှုနှေးတဲ့ Baby ရဲ့ခန္တာကိုယ်ကြောင့်
Baby မှာဝေဒနာကိုပိုခံစားရရှာသည် ။

" Baby.... ဆရာဝန်နဲ့တွေ့ကြည့်ချင်လား..."

မာန့် ကိုယ်ပေါ်မှာငြိမ်နေတဲ့ Baby က ခေါင်း
လေးအသာရမ်းကာ မာန့် လည်တိုင်ထဲတိုးဝင်
လာသည် ။ မာန် ဒီအခြေနေကြီးကိုဘယ်လို
ကျော်ဖြတ်ရမလဲ....အလုပ်တွေအကုန်ပစ်ထား
ပြီး Baby အနားမှာဘဲအချိန်ပြည့်ရှိနေပေမယ့်
Baby ရဲ့ဝေဒနာကိုသက်သာအောင်ဘာမှမ
လုပ်ပေးနိုင်ပေ...။

အစားသောက်ပျက်ပြီး ဖျော့တော့တော့လေး
ဖြစ်နေသည့်တိုင် Baby ကပင်ပန်းနေပါပြီလို့
တစ်ချက်လေးမှမညည်းညူခဲ့..။ Baby ကိုအ
ခုလိုဖြစ်စေတာက မာန့် ကလေးကြောင့်ဆိုရင်
မာန် အဲ့ကလေးကိုမလိုချင်တော့.....။ မာန့်
ဘဝမှာ Baby ကသာအဓိကမလို့ Baby ကို
ဘယ်လိုအရာနဲ့မှမလဲနိုင်ပေ...။

ခပ်တင်းတင်းပွေ့ဖက်ထားတဲ့ကြားကလှုပ်
ယွလာတဲ့ Baby က မာန့် ပါးပြင်ပေါ်ကမျက်
ရည်တွေကိုသုတ်ပေးလာသည်..။ မာန် ငိုနေမိ
တယ်ဆိုတာတောင် ကိုယ့်ကိုကိုယ်သတိမထား
မိတဲ့ထိ ရင်ထဲကအပူမီးကလောင်မြိုက်လျှက် ။
မာန့် ကိုမော့ကြည့်နေရှာတဲ့ မျက်ဝန်းဖျော့ဖျော့
လေးတွေက ပြုံးပြနေသယောင်...။

" ကိုကို Baby အဆင်ပြေပါတယ်......"

ရှိုင်းစေ ခပ်တိုးတိုးလေးနှစ်သိမ့်ပေးမိသည်က
ကိုကို့ ကိုနည်းနည်းလေးဘဲဖြစ်ဖြစ် စိတ်ချစေ
ချင်လို့....။

💞 Eternal Love 💞 { Completed }Where stories live. Discover now