Chapter _ 34

21.9K 1.5K 123
                                    

Unicode
********

" သားငယ် "

ပြိုင်ကားသော့လေးကိုလက်ညိုးလေးနဲ့ဝေ့
ယမ်းဆော့ကစားရင်းအပေါ်တက်ဖို့ပြင်နေ
သည့် သားငယ်ကို ဦးပိုင် လှမ်းတားလိုက်
သည် ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်း
က သားငယ်ပုံမှန်မဟုတ်တာကို ဦးပိုင် သတိ
ထားမိပါသည် ။

သို့ပေမယ့် ကလေးကတစ်ခါတစ်ရံစိတ်အ
လိုမကျဖြစ်လေ့ရှိတာမို့ သိပ်အလေးအနက်
မထားဖြစ်ခဲ့....။ အခုတော့သူသားကို
ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့လို့ခြေလွန်
လက်လွန်တွေဖြစ်ခဲ့ရပြီ ။

" ဘယ်ကပြန်လာတာလဲ...သားငယ် "

လှေကားထစ်ပေါ်တက်ဖို့လုပ်နေတဲ့ခြေ
ထောက်လေးတွေက ဦးပိုင် စကား
ကြောင့်ဦးတည်ရာကိုပြောင်းလဲသွားခဲ့
သည် ။

" ဘယ်ကဖြစ်ရမှာတုန်း ဖေကြီးရဲ့...ကား
လျှောက်မောင်းပြီးပြန်လာတာပေါ့ "

ဖအေဖြစ်သူရဲ့လက်မောင်းတစ်ဖက်ကို
ကလေးတစ်ယောက်လိုဖက်တွယ်ခိုစီးရင်း
ပြောလာသည့်စကားတွေကအပြုံးချိုချို
လေးတွေကြောင့်နားထောင်လို့သိပ်ကောင်း
သည် ။

" သားငယ် ဖေကြီး ကိုဘာတွေဖုံးကွယ်
ထားသေးလဲ..."

သားရဲ့မျက်နှာပေါ်ကအပြုံးတွေရုတ်ချည်း
ပျောက်ကွယ်သွားကတည်းက ဦးပိုင် သိ
ထားတဲ့အကြောင်းတွေကအမှန်တွေဖြစ်
တယ်ဆိုတာသက်သေပြနေသည် ။

" ဖေကြီးကလဲ သားဘာမှမလုပ်ပါဘူး
တကယ်တကယ်..... "

ဦးပိုင် ခါးကိုအတင်းပြောင်းဖက်ပြီးအချွဲ
ကလေးလုပ်လာတဲ့သားငယ်ကတကယ်
ကိုအကာအကွယ်မဲ့လွန်းတဲ့သမင်ငယ်လေး
လို.....။ ဖြူဖြူနုနုမျက်နှာကလေးနဲ့ မျက်
ဝန်းနက်နက်လေးတွေက သားမေမေရဲ့အ
မွေတွေဖြစ်တာကြောင့် ရှင်းလင်းလှပလွန်း
သည် ။

အငယ်ဆုံးနဲ့အလိမ္မာဆုံးလေးမို့ တစ်အိမ်
လုံးကအလိုလိုက်ထားတော့ သားငယ်ရဲ့
ဆံပင်တွေကအမြဲတမ်းအရောင်တွေပြောင်း
နေတတ်သည် ။ သူ့မေမေသာရှိနေသေးရင်
သားကိုအလိုလိုက်လွန်းလို့ ဦးပိုင် ကိုဆူပူ
ကြိမ်းမောင်းနေမှာအသေအချာပင် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now