Chapter _ 37

22.3K 1.6K 72
                                    

Unicode
********

အပန်းဖြေစံအိမ်ထဲကထွက်လာသည့် BMW
ကားလေးတစ်စီးကမြို့တွင်းတစ်နေရာကို
ဦးတည်နေသည် ။ ကားမောင်းနေသည့်
ဆန်းထူး ရဲ့မျက်နှာကဖုံးဖိမရအောင်ပျော်
ရွှင်နေပုံပေါက်နေပေမယ့် ကားနောက်ခန်း
မှာထိုင်နေသည့် ဂိုဏ် ကတော့မှုန်ကုပ်လျှက် ။

" ဆန်းထူး, ဒီကလုပ်ငန်းတွေအခြေကျပြီ
ဆိုတော့သင့်တော်တဲ့ မန်နေဂျာရွေးထား
လိုက်...သိပ်မကြာခင် ငါတို့ပြန်ကြမယ် "

ရုတ်တရက်ကြားလိုက်ရတဲ့ အကို့ စကား
ကြောင့် ဆန်းထူး ထခုန်မတက်ပျော်သွားခဲ့
သည် ။ အကို က ရှိုင်းစေဆိုတဲ့ကလေးကို
လက်လွတ်လိုက်တော့မယ်ဆိုတဲ့သဘော
ဘဲမဟုတ်လား.....။

X မြို့ကိုအလုပ်ကိစ္စနဲ့လာခဲ့ကြတာဖြစ်ပေ
မယ့် ရှိုင်းစေ ဆိုတဲ့ကလေးနဲ့တွေ့ဆုံပြီး
နောက် အကိုကပြန်မယ့်အကြောင်းမပြော
တော့...။ အဲ့ဒီကလေးကိုလက်လွတ်နိုင်ခဲ့ပြီ
လို့ထင်ခဲ့ပေမယ့် နောက်ကြည့်မှန်ကတစ်
ဆင့်မြင်နေရတဲ့ အကို့ မျက်နှာကပျော်ရွှင်
နေတဲ့ပုံတော့မဟုတ်ခဲ့ပေ ။

" အကို....ဆုံးဖြတ်ချက်မှန်ပါတယ်, မပိုင်ဆိုင်
ရမယ့်အတူတူဘာလို့ဆက်ချစ်နေမှာလဲ "

ဆန်းထူး ရဲ့စကားကြောင့် ဂုဏ် ယဲ့ယဲ့လေး
ပြုံးလိုက်မိသေးသည် ။

" မပိုင်ဆိုင်ရလို့မချစ်တော့ဘူးဆိုရင် ချစ်
ခြင်းမေတ္တာလို့ဘယ်ခေါ်တော့မလဲ, ငါက
ကလေးငယ် အတွက်လက်လွတ်ပေးလိုက်
တာ.....ဆက်မချစ်တော့တာမဟုတ်ဘူး...."

နောက်ကြည့်မှန်ကတစ်ဆင့် ဆန်းထူး ကို
ပြန်ကြည့်မိတော့ ဂုဏ့် ကိုနာနာကျင်ကျင်
ပြုံးပြတယ် ။ ဒီလိုအပြုံးနဲ့ပြုံးမပြပါနဲ့လို့
ငါ မင်းကိုပြောချင်လိုက်တာ, မင်းရဲ့အပြုံး
က ငါ့ကိုယ်ငါပြန်မြင်ယောင်စေလို့.... ။

မီးနီအချက်ပြမှုကြောင့်တုန့်ခနဲရပ်သွားတဲ့
ကားပေါ်မှာ ဂုဏ့် အတွေးတွေကတောင်
ရောက် မြောက်ရောက်....။ လမ်းတစ်ဖက်
ကကုန်တိုက်ရှေ့မှာအလျင်လိုနေဟန်ဖြင့်
အရှိန်နဲ့ထိုးရပ်လာတဲ့ကားတွေထဲ ရင်းနှီး
နေတဲ့ ကားအနက်ရောင်ကြီးကိုမြင်တော့
ဂုဏ့် ကျောလေးဆတ်ခနဲမက်သွားရသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now