Chapter _ 17

28.2K 2K 76
                                    

Unicode
********

ဆောင်းမနက်ခင်းရဲ့အအေးဓာတ်ကြောင့်
ရှိုင်းစေ အဝါရောင်စောင်ပုံလေးထဲအတင်း
တိုးဝင်နေမိသည် ။ ရှိုင်းစေ ကိုကို့ အိမ်ကို
ရောက်ကတည်းက အိပ်တာနဲ့စားတာကလွဲ
ပြီးဘာမှမလုပ်ရသေး ။

ပြီးတော့ ဒီ ၁၀ ရက်လုံး ကိုကို ကသူ့ကိုမျက်
စိအောက်ကအပျောက်မခံ အိပ်တဲ့အချိန်လေး
ဘဲ သူ့ကိုအလွတ်ပေးသည် ။ မနက်မိုးလင်း
ရင်လည်း ကိုကို ကကိုယ်တိုင်လာနှိုးပေးသေး
တာ ။ အခုလည်း ရှိုင်းစေ အိပ်ရာထဲမှာလူး
လိမ့်ရင်း ကိုကို လာနှိုးမယ့်အချိန်ကိုစောင့်နေ
ပေမယ့် အခုချိန်ထိရောက်မလာသေး ။

" ဟွန်း......ကို..ကို..."

မျက်လုံးလေးကိုဖိပွတ်နေရင်း ရှိုင်းစေ အိပ်
ရာထဲကနေထွက်လာလိုက်သည် ။ ကိုကို က
လာမနှိုးမှတော့သူကဘဲ ကိုကို့ ကိုသွားနှိုးရ
တော့မှာပေါ့..။

သူ့အတွက်သီးသန့်ကမ္ဘာလေးလို ပြင်ဆင်ပေး
ထားသည့်အထပ်ကနေ ကိုကို ရှိနေမယ့်ဒုတိ
ယထပ်ကို ရှိုင်းစေ ဆင်းလာခဲ့လိုက်သည် ။
အနက်ရောင်တံခါးကြီးကို ဆွဲဖွင့်ကာအခန်း
ထဲချောင်းကြည့်လိုက်ပေမယ့် ကိုကို ကအိပ်
ရာပေါ်မှာမရှိတော့...။

" ကိုကို...... "

ပြန်ထူးလာသည့်အသံမကြားမှတော့ ကိုကို
ကဒီအခန်းထဲမှာမရှိတာသေချာသည် ။ အိပ်
ရာထကာစမို့ဖွာလန်ကျဲနေတဲ့ဆံပင်တွေကို
လက်ချောင်းတွေထိုးထည့်ကာ ဖွပစ်လိုက်ပြီး
ကိုကို့ ကိုဆက်ရှာဖို့အောက်ထပ်ဆင်းလာလိုက်
သည် ။ အလုပ်ရှုပ်နေကြသည့် အစ်မကြီးတွေ
နဲ့ အမေနှင်းကိုရှာတွေ့ပေမယ့် ကိုကို့ ကိုတော့
မတွေ့သေးပေ ။

ရှိုင်းစေ မီးဖိုခန်းထဲထိဝင်ကြည့်လိုက်သည် ။
မီးဖိုခန်းတံခါးကိုကျောပေးကာရပ်နေသည့်
ကိုကို ကအနက်ရောင် T _ Shirt နှင့်အားက
စားဘောင်းဘီကိုဝတ်ထားသည် ။ အင်္ကျီလက်
တိုအောက်က လက်မောင်းကြီးတွေက ရှိုင်းစေ
ပေါင်တစ်ဖက်စာလောက်ရှိနေမလား...။

ကြွက်သားအပြည့်နဲ့ရင်ဘတ်ကြီးရယ် အထစ်
အရစ်လိုက်ဖြစ်နေတဲ့ ဝမ်းဗိုက်ကကြွက်သား
၈ ခုရယ် ဒီလက်မောင်းကြီးတွေရယ် သူသိပ်
သိပ်ကြိုက်...။ ကိုကို ကသူ့လိုပိန်တာရိုးလေး
ကိုဘာကြောင့်သဘောကျတာလဲမသိပေမယ့်
သူကတော့ ကိုကို က ကိုကို ဖြစ်နေလို့ကိုသ
ဘောကျရသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now