Chapter _ 11

24.3K 1.8K 81
                                    

Unicode
********

စံအိမ်ပြတင်းပေါက်တွေဆီထိုးဖောက်ဝင်
ရောက်လာသည့် ညနေဆည်းဆာရဲ့နေရောင်
ကြောင့် မာန် Gym ခန်းထဲကထွက်လာလိုက်
ပြီး အပေါ်ပိုင်းဗလာဖြစ်နေသည့်ခန္ဓာကိုယ်
ပေါ် တာဝါတစ်ထည်ပစ်တင်ကာရေချိုးခန်းထဲ
တန်းဝင်လိုက်သည် ။

ရေနွေးနွေးစီးကျနေသည့်ရေပန်းအောက်နေ
ရာယူလိုက်စဥ် မာန့် ခန္ဓာကိုယ်ပေါ်ဖြတ်သန်း
လာသည့်ရေစက်လေးတွေကစိန်ပွင့်လေးတွေ
သဖွယ်...။ ကြွက်သား ၈ မြောင်းကြားထဲစီး
ဆင်းလာသည့်ရေစက်တွေကိုဖယ်ချလိုက်စဥ်
ချက်ကတစ်ဆင့်အောက်ဘက်တစ်နေရာသို့
ပေါက်နေသည့် အမွှေးအမျှင်တွေကိုစိုစွတ်
သွားစေသည် ။

မိနစ် ၃၀ ဖြင့်ရေချိုးတာအပြီးသတ်လိုက်ပြီး
နောက် မာန် အဝတ်အစားခန်းထဲက Body
Fit T _ Shirt အနက်ရောင်နှင့် Jean ဘောင်း
ဘီရှည်ကိုဆွဲယူဝတ်ဆင်လိုက်သည် ။ မြန်မာ
နိုင်ငံရဲ့ ေရ ၊ မြေ နဲ့ရင်းနှီးမှုရှိအောင် မာန် အ
ပြင်သွားဖို့လိုအပ်သည်လေ...။

မာန့် အဝတ်စားခန်းထဲက ပစ္စည်းတစ်ခုချင်းစီ
တိုင်းကို ခိုင်ခံ့သည့်မှန်သားတွေဖြင့်ပြုလုပ်
ထားပြီး တစ်ခုချင်းစီတိုင်းကလည်း မာန့်
လက်ဗွေဖြင့်သာဖွင့်လို့ရသည် ။ မာန် ကအဖိုး
တန်စိန်ဖြင့်အလှဆင်ထားသည့်နာရီတစ်လုံးကို
ထုတ်ကာ လက်ကောက်ဝတ်မှာနေရာချရင်း
အပေါ်ထပ်ကဆင်းလာလိုက်သည် ။

{ Boss... သွားစရာရှိလို့လား }

ပထမထပ်ဧည့်ခန်းမှာအလုပ်လုပ်နေသည့်
ဘုန်းမင်း နဲ့ မြတ်သူ က မာန် ဆင်းလာတာမြင်
သည်နှင့်သူတို့ပါလိုက်ဖို့ပြင်နေသည် ။

{ မဟုတ်ဘူး...အ​ပြင်ကိုနည်းနည်းလောက်
လေ့လာကြည့်မလို့ }

စံအိမ်ရှေ့မှာကားအဆင်သင့်ပြင်စေပြီး မာန့်
နောက်ကလိုက်လာနေသည့် လူနှစ်ယောက်က
မာန့် ကိုတစ်ယောက်တည်းပေးသွားမယ့်ပုံမ
ပေါ်...။

{ မင်းတို့လိုက်စရာမလိုဘူး }

မာန့် စကားကိုသိပ်သဘောမတူချင်သလိုဖြစ်
နေတဲ့ ဘုန်းမင်း လက်ထဲကကားသော့ကိုဆွဲ
ယူလိုက်ပြီး စံအိမ်ရှေ့ကကားထဲဝင်ကာ
မောင်းထွက်လာခဲ့သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now