EXTRA _ 12

13.4K 1.2K 83
                                    

Unicode
********

" ဦး ငယ် ခဏနေ ချစ်မွှေးဆီသွားမယ်နော် "

ရေချိုးခန်းထဲကနေ ရေစက်လက်နဲ့ပြေးထွက်
လာတဲ့ ငယ် က ဂုဏ့် Bathrobe ကြီးကိုဝတ်
ချလာပြန်သည် ။ Bathrobe ကြီးထဲမြုပ်နေ
သည့် ငယ် ကရေခြောက်အောင်သုတ်ဖို့ သိပ်
ပျင်းတဲ့ကောင်လေး..။

" ငယ်... ကိုယ် အမြဲတမ်းပြောတယ်ကွာ ရေ
ခြောက်အောင်သုတ်ပြီးမှ အပြင်ထွက်ခဲ့ပါလို့..
မတော်လို့ချော်လဲရင်ဘယ်လိုလုပ်မလဲ..."

မှန်တင်ခုံရှေ့မှာထိုင်နေတဲ့ ငယ့် ခေါင်းလေးကို
ဂုဏ် ကိုယ်တိုင်ရေသုတ်ပေးတော့ ခွေးပေါက်
ကလေးလိုမျက်လုံးလေးမှိတ်ပြီးဇိမ်ခံနေသည် ။
ပုတ်သင်ညိုလေးလိုအရောင်ပြောင်းနေတတ်
တဲ့ ငယ် ကအခုလဲဆံပင်တွေကို ခဲရောင်တွေ
ဆိုးထားပြန်သည် ။

" ဦး အခုဆိုလေ ရှိုင်းပေါက် ကမွေးလို့တောင်
ရနေပြီသိလား.... ဗိုက်ကလေးဆိုလုံးနေတာဘဲ
အကိုမာန် ကအိမ်ပြင်ပေးမထွက်တော့ အသား
လေးဆိုဝင်းနေတာဘဲ ဟီး အဲ့တာသမီးလေး
မွေးမှာမလို့နေမှာ အသီးအနှံကလဲအရမ်းစား
တာဘဲ "

ငယ့် စကားတွေက ရှိုင်းစေလေးကို အားကျ
နေမှန်းသိသာလှသည် ။ ဒါပေမယ့် ဂုဏ် စိတ်
ဆိုးမှာစိုးလို့တမင်တော့ထုတ်မပြောရှာဘူး ။
အိမ်ထောင်တစ်ခုမှာ သားသမီးဆိုတာက
တကယ်ဘဲအရမ်းအရေးပါနေသလား..။

" ငယ် ကလေးအရမ်းလိုချင်နေတာလား.. "

" .............. "

ခေါင်းအတင်းငုံ့ထားတဲ့ ငယ် က ဂုဏ် မေးတဲ့
စကားကိုပြန်ဖြေရမှာစိုးရိမ်နေတဲ့ပုံပင် ။ ငယ်
ထိုင်နေတဲ့ခုံလေးကို ဂုဏ့် ဘက်ဆွဲလှည့်လိုက်
ပြီး ငယ့် ရှေ့မှာဒူးတစ်ဖက်ထောက်ကာထိုင်ချ
လိုက်သည်။

" ငယ် ကိုယ့် ကိုကြည့်ပါဦး... ငယ် တကယ်ဘဲ
ကလေးလေး လိုချင်နေတာလား... ငယ် လိုချင်
တယ်ဆိုရင် အငှားကိုယ်ဝန်ဆောင်ပေးဖို့
ကိုယ် စီစဥ်လိုက်မယ် ဒါပေမယ့် ကိုယ့်ကလေး
တော့ယူမှာမဟုတ်ဘူး.. ငယ့် ကလေးဘဲဖြစ်ရ
မယ် "

ဂုဏ့် စကားကို ငယ် ကလန့်သွားဟန်ဖြင့် ဂုဏ့်
လည်ပင်းကိုသိုင်းဖက်ကာ ခုံပေါ်ကနေပါဆင်း
လာသည်။

💞 Eternal Love 💞 { Completed }Where stories live. Discover now