Chapter _ 5

25.4K 2K 30
                                    

Unicode
********

** 12 နှစ်ကြာပြီးနောက် ​ ရှန်ဟိုင်းမြို့ **

5 Star အဆင့်ရှိထိပ်တန်း Hotel ရှေ့တွင်
အရှိန်သတ်လိုက်သည့် BMW M5 ကားအ
နက်ရောင်ကြောင့်ပတ်ဝန်းကျင်ကလူတွေ
ရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည် ။ သေချာကြည့်
မယ်ဆိုပါကထိုကားအနက်ရောင်ရဲ့အရှေ့
Body ပေါ်တွင် Dragon ဂိုဏ်းအမှတ်အသား
ပါသည့်တံဆိပ်ကိုတွေ့ရလိမ့်မည် ။

ရှေ့ဆုံးမှဦးဆောင်လာသည့်အနက်ရောင်ကား
နောက်တွင် Dragon ဂိုဏ်းတစ်ဂိုဏ်းတည်း
သာအသုံးပြုခွင့်ရှိသည့် Black ကားသုံးစီး..။
ရှေ့ဆုံးကကားကိုသတိမထားမိရင်တောင်
အနောက်ကကားသုံးစီးကိုမြင်လိုက်သည်နှင့်
အခုရောက်လာသူကိုခန့်မှန်းနေစရာတောင်မ
လိုတော့ပေ....။

Dragon ဂိုဏ်းရဲ့ခေါင်းဆောင်သစ် Xiao Wang....။

အနက်ရောင်ကားတံခါးဆွဲဖွင့်လိုက်သည်နှင့်
လူတိုင်းရဲ့စိတ်ဝင်စားမှုဟာလည်းမြင့်တက်
လာခဲ့သည် ။ ကားထဲကပထမဆုံးထွက်ပေါ်
လာသည့်ခြေတံရှည်တွေက Black Shoe
တစ်စုံကြောင့်ပိုပြီးကြည့်ကောင်းနေသယောင် ။

နက်စွေးနေ့သည့်အနောက်တိုင်းဝတ်စုံကို
ဝတ်ဆင်ထားသူက စိန်တွေထည့်မြုပ်ထား
သည့်နာရီတစ်လုံးကိုသန်မာသည့်လက်ကောက်
ဝတ်နေရာတွင်နေရာချလိုက်သည် ။

{ Xiao Wang.... အမလေး... အဲ့တာ Dragon
ဂိုဏ်းချုပ် Xiao Wang ဘဲ.... }

{ အား... ငါအရင်ဘဝတုန်းကများ လူတွေကို
ကယ်တင်ခဲ့တာလားမသိဘူးနော်... Dragon
ဂိုဏ်းရဲ့သခင်ကြီးကိုအပြင်မှာအရှင်လတ်လတ်
မြင်ဖူးသွားပြီ...}

Hotel အနီးမှာရှိနေသည့်မိန်းကလေးတွေဆီ
ကထွက်လာခဲ့စကားသံတွေကြောင့် ပတ်ဝန်း
ကျင်တစ်ခုလုံးကျွတ်ကျွတ်ညံနေတော့သည် ။

{ ဘုန်းမင်း.....ပတ်ဝန်းကျင်ကလူတွေကိုရှင်း
ထားလိုက် }

မာန့် ဆီကအမိန့်ကျလာသည့်အခါ Hotel
အနီးကလူတွေအားလုံးတခြားနေရာကိုပြောင်း
ရွေ့ခံလိုက်ရတော့သည် ။ မာန် ကအချိန်တစ်
ပါတ်စာကြိုပေးပြီး ဒီ Hotel တစ်ခုလုံးကိုအ
ပြတ်ငှားထားပြီးသား....။ သို့ပေမယ့် Hotel
မန်နေဂျာကအလုပ်ကိုသေချာမလုပ်ဟန်တူ
သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now