EXTRA _ 6

17.6K 1.4K 97
                                    

Unicode
********

မှန်တံခါးဆီကနေတိုးဝင်လာသည့် နေရောင်
ကြောင့် ရှိုင်းစေ ဆက်အိပ်လို့မရတော့ပေ ။
လေးလံနေတဲ့မျက်ခွံလေးတို့ကို တဖျက်ဖျက်
ခတ်ကာ ထဖို့ပြင်လိုက်တော့အရင်လို ထွေး
ပိုက်ထားတဲ့လက်တစ်စုံကအနားမှာမရှိတော့
သလို နံရံမှာကပ်ထားတဲ့နာရီကလဲ ၁၀ : ၃၀
ဆိုတဲ့အချိန်ကိုပြနေချေပြီ ။

ကိုယ်ပေါ်မှာလုံးထွေးနေတဲ့စောင်ကိုကန်ထုတ်
လိုက်ကာ ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည် ။
ညအိပ်အင်္ကျီတို့ကိုချွတ်ချလိုက်ပြီးနောက် သူ့
ဗိုက်ပြားပြားလေးပေါ် လက်တင်လိုက်မိသည်။
ဒီထဲလေးမှာ ကိုကို့ရဲ့သွေးသားလေးတည်ရှိ
နေသည်တဲ့ ။ ကိုကို နဲ့ပြဿနာဖြစ်ပြီးနောက်
ရက် သူနိုးလာတော့ ကိုကို့ ရင်ခွင်လေးထဲမှာ ။

ကိုကို ကသူနိုးလာတာနဲ့ဒီထဲလေးမှာ ကလေး
လေးရှိနေပြီဆိုတဲ့အကြောင်းပြောရင်းအရမ်း
ကိုပျော်နေခဲ့တာ ။ အဲ့နောက်မှာတော့ ရှိုင်းစေ
ရဲ့တရားဝင်ကျောင်းတက်ခွင့် ပိတ်သွားသည်
မှာ ၅ ရက်ရှိချေပြီ ။ ထပ်ပြီးရေချိုးခန်းထဲမှာ
ကြာနေရင် ကိုကိုကစိုးရိမ်တကြီးနဲ့ ရောက်ချ
လာဦးမှာမို့ ရှိုင်းစေ ရေမြန်မြန်ချိုးကာအောက်
ထပ်ဆင်းလာလိုက်သည် ။

" အကိုမာန်...ရှိုင်းလေး က အချိုကြိုက်တာ
လို့.."

" မရဘူး အရမ်းချိုရင် Baby အတွက်ရော
ကလေးလေးအတွက်ရောမကောင်းဘူးအ
ဆိမ့်ဘဲစား.."

" ဟာဗျာ...ကလေးကဖြင့် ဘယ်ဆီကပ်နေမှန်း
တောင်မသိဘဲနဲ့..."

" ပိုးပြည့်စုံ!...သွား..မင်း အိမ်ပြန်တော့..."

" ပြန်ဘူး!! "

အောက်ထပ်ရောက်ရောက်ချင်း ကိုကို နဲ့ ပိုး
လေး ရဲ့ငြင်းခုန်သံတွေကအပြင်ထိတောင်
ကြားနေရသည် ။ ကိုကို့ ကိုမကြောက်တာလဲ
မဟုတ်ဘဲနဲ့ ပိုးလေး ကသက်သက်မဲ့အငြင်း
သန်​ေနတာ..။

" ကိုကို...ဟင်းး.."

မီးဖိုခန်းထဲမှာဇွန်းတစ်ချောင်းနဲ့အလုပ်ရှုပ်နေ
တဲ့ ကိုကို့ ကိုနောက်ကနေသိုင်းဖက်ပြီး ကိုကို့
ရနံ့လေးတစ်ဝကြီးရှူသွင်းလိုက်သည် ။ ဟင်းး
ကိုကို့ အနံ့လေးရတာနဲ့ သက်သောင့်သက်သာ
ရှိသွားလိုက်တာ..။

💞 Eternal Love 💞 { Completed }Where stories live. Discover now