Unicode
********" ဆိုတော့ နင်က အကို့ကိုယ်လုပ်တော်ပေါ့..."
ရုတ်တရက် ပန်းခရမ်း ဆိုတဲ့မိန်းကလေးဆီ
ကနားဝင်မချိုလှသည့်စကားကိုကြားလိုက်
ရတာကြောင့် ရှိုင်းစေ လှည့်ကြည့်လိုက်
သည် ။ သူ့ကိုအထင်သေးစွာ ရွံ့ရှာသလိုမျက်
လုံးတွေနဲ့စိုက်ကြည့်နေသည်မှာ ကိုကို ရှိစဥ်
တုန်းကနဲ့တခြားစီ ။ကိုကို့ချစ်သူပါလို့ ကိုယ့်ကိုကိုယ်မိတ်ဆက်
လိုက်တော့ ရှိုင်းစေ ကိုလှောင်ရယ်သည့်မျက်
လုံးတွေဖြင့်ကြည့်ကာကြိတ်ရယ်၏ ။" ဟက်....ခြေတော်တင်ခံရတဲ့အဆင့်လေးကို
ချစ်သူတဲ့လား...ကောင်လေး မင်း ကို အကို
ဘယ်လောက်ပေးလဲ...ငါက မင်းကို ၂ ဆပေး
မယ်.အကိုဘေးကထွက်သွားပေးလို့ရမလား "ရှေ့ကိုချက်လက်မှတ်တစ်စောင်ထိုးပေးပြီး
ကိုကို့ အနားကထွက်သွားဖို့ပြောနေတဲ့ သူမ
ကိုကြည့်ကာ ရှိုင်းစေ နားမလည်နိုင် ။ ကိုကို
ကတစ်ချိန်ကျရင် သူလက်ထပ်မယ့်သူလေ
ဘာကိစ္စ ကိုကို့ အနားကထွက်သွားပေးရမှာ
တုန်း ။ပြီးတော့ ရှိုင်းစေ ကိုအပျက်ကောင်သာသာ
ဆက်ဆံနေသည့် ထိုမိန်းကလေးကိုသည်းမ
ခံနိုင်တော့တဲ့စိတ်က ရင်ထဲကနေတစ်လိပ်
လိပ်တက်လာသည် ။" ကျွန်တော့် ကိုကန်ထုတ်ပြီး မမ က ကိုကို့
ကုတင်ပေါ်တက်နိုင်မယ်ထင်လို့လား "ရှိုင်းစေ ကိုစူးစူးစိုက်စိုက်ကြည့်ပြီးဒေါသ
ထွက်နေပုံရတဲ့ သူမ ကဒါလေးပြောတာကို
မခံမရပ်နိုင်ဖြစ်နေတဲ့ပုံဖြင့်... ။" ငါက အကို့ကုတင်ပေါ် တစ်ညဘဲတက်ခွင့်
ရရင်တောင် နင့်လို ကလေးမမွေးပေးနိုင်တဲ့
အခြောက်ကောင်ထက်တော့သာတယ် "အခြောက်ကောင်တဲ့လား.... သူ့ကိုဘယ်လို
ဘဲပုတ်ခတ်ပြောဆိုနေပါစေအတတ်နိုင်ဆုံး
သည်းခံပေးခဲ့ပေမယ့် ကိုကို့ သိက္ခာကိုပါ
စော်ကားပစ်လိုက်တာကိုတော့ ရှိုင်းစေ သည်း
မခံနိုင်ပါ ။" အာ...ဒီအခြောက်ကောင်ကမှ ကိုကို့ အောက်
မှာအော်ညည်းခွင့်ရသေးတယ်...ရုပ်ကလေးလှ
ရဲ့သားနဲ့ ပိုင်ရှင်ရှိနေတဲ့လူကိုမှငမ်းငမ်းတက်
နေတဲ့ မမ ကတော့ ကိုကို့ ရတနာလေးနိုးလာ
အောင်တောင်လုပ်နိုင်မယ်မထင်ဘူး..."
YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist