EXTRA _ 7

17.4K 1.3K 101
                                    

Unicode
********

" တောက်!! အလုပ်ကိုဘယ်လိုလုပ်နေကြ
တာလဲ.."

ဆန်းထူး မရှိတဲ့နောက် ဂုဏ့် အလုပ်ကိစ္စတွေ
ကိုအတွင်းရေးမှူးအသစ်ဖြစ်တဲ့ ဝါဝါ က
လုပ်ကိုင်ပေးရသည် ။ သို့သော် ဂုဏ် အခု
ရက်ပိုင်းစိတ်တိုလွယ်သလို ဘာကိုမှလဲစိတ်
တိုင်းမကျပေ ။ အခုလဲ Meeting ခန်းထဲမှာ
အလုပ်ကိစ္စအနည်းငယ်လွဲချော်မှုကြောင့်
စိတ်တိုနေပြန်သည် ။

" မင်းတို့ကိုအချိန်တစ်ပါတ်ထပ်ပေးမယ်..အ
စအဆုံးအကုန်ပြန်လုပ်ထား.."

အမိန့်ဆန်ဆန်စကားလုံးတွေရဲ့နောက်မှာတော့
ဂုဏ် ထိုနေရာကနေထွက်လာခဲ့လိုက်တော့
သည် ။ မွန်းကြပ်လိုက်တာ...ဘယ်ဘက်ရင်
ဘတ်ထဲမှာမွန်းကြပ်နေတာက အသက်ရှုရ
ခက်စေတဲ့ထိ..။ ဘာတွေမှားယွင်းနေလို့ ဂုဏ်
ဒီလိုခံစားနေရတာလဲ..။ တိတ်ဆိတ်နေတဲ့
Metting ခန်းထဲတွင် ဂုဏ့် ထွက်ခွာသွားတဲ့
ခြေသံတစ်ခုကလွဲလို့ ဘာသံမှမကြားရချေ ။

G & S Company ကားပါကင်ထဲကထွက်လာ
တဲ့ BMW ကားအနက်လေးက ကလပ်တစ်ခု
ကိုဦးတည်လို့နေသည် ။ ကလပ်ရှေ့မှာကား
ရပ်လိုက်တဲ့ ဂုဏ် ကခပ်လှမ်းလှမ်းကကားအ
ဖြူရောင်လေးကိုအကဲခတ်နေမိသည် ။ ဒီကား
ကိုတစ်နေရာရာမှာမြင်ဖူးနေသလိုလို....။

စိတ်ညစ်နေတာတွေများပျောက်သွားမလား
ဆိုတဲ့အတွေးနဲ့ ကလပ်ရောက်လာတဲ့ ဂုဏ် 
အရက်တွေလိမ့်သောက်နေမိသည် ။ ဘာအ
တွက်စိတ်ညစ်နေတာလဲ ဂုဏ် ကိုယ်တိုင်လဲမ
သိ...။ အခုရက်တွေမှာ ဂုဏ် အိမ်ပြန်ဖို့ခြေ
လှမ်းတွေနှေးနေမိသည်က တစ်စုံတစ်
ယောက်အိမ်မှာမရှိတော့လို့များလား...။

" ဦးလေး....ကျွန်တော် စိတ်ချမယ်နော်
မနက်ဖြန်ကျရင် ဝိုင် ကောင်းကောင်းလေး
လိုချင်တယ်...ကျွန်တော့် ကောင်မလေးကို
ဖွင့်ပြောပြီး တစ်ခါတည်းအဖြေတောင်းမှာ
ဗျ...ဟား..ဟား.."

ဟမ်...အဲ့လိုလုပ်လို့ရလို့လား တစ်ခါတည်းဖွင့်
ပြောပြီး တစ်ခါတည်းအဖြေတောင်းလို့ရတယ်
လို့ မကြားဖူးပါဘူး...။ ဂုဏ့် ဘေးမှာရပ်ပြီး
ကောင်တာနောက်က လူကိုစကားပြောနေတဲ့
ကောင်လေးကို လှည့်ကြည့်လိုက်စဥ် ဂုဏ့်
ဒေါသတွေတဟုန်ထိုးမြင့်တက်လာတော့
သည်။

💞 Eternal Love 💞 { Completed }Where stories live. Discover now