EXTRA _ 15 { End }

18.8K 1.1K 50
                                    

Unicode
********

" ပ့ပ့ ဝါဝါယေးနော်... "

ရေချိုးပြီးခါစမို့ ချစ်မွှေးရဲ့ကိုယ်လုံးလေးက
ကိုက်စားချင်စရာနို့ခဲတုံးလေးလို နူးအိနေ၏ ။
ရေချိုးပြီးအဝတ်စားလဲဖို့အရေး သူ့ပါပါးကို
ဆရာလုပ်ကာ ဟိုအင်္ကျီဆိုမဝတ်ချင်ဘူး ။ ဒီ
အင်္ကျီဆိုမလှဘူးနဲ့ အနိုင်ကျင့်နေသည် ။

နောက်ဆုံး ချစ်မွှေးကိုယ်တိုင်ရွေးထားတဲ့အဝါ
ရောင် T_Shirt အင်္ကျီလေးနဲ့ ကြိုးသိုင်း
ဘောင်းဘီအပြာလေးကိုဝတ်ပေးလိုက်တော့မှ
ဆရာသမားလေးက စိတ်တိုင်းကျတော့သည် ။
အင်္ကျီအဝတ်အစားဝတ်ပြီးတာနဲ့ အပြင်ပြေး
ထွက်ဖို့ပြင်နေတဲ့ ချစ်မွှေးကို သူ့ပါပါးကအမိ
အရလှမ်းဆွဲကာ ဘွတ်ဖိနပ်အဖြူလေးစီးပေး
လိုက်ပြီးမှလွတ်ပေးလိုက်တော့၏ ။

" ပေပေ့ တား ကိုကြည့်ပါအူး...."

ပါးဖောင်းဖောင်းကြီးနှစ်ဖက်ကို သူ့လက်သေး
သေးလေးနှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းလေးစောင်း
ကာမေးလာတဲ့ ချစ်မွှေး ကြောင့် မာန် အိပ်ရာ
ပေါ်ကထလာလိုက်သည် ။

" ဖေဖေ့ သားကဘယ်သူနဲ့တူလို့ ဒီလောက်
ချောနေရတာလဲကွာ....လာပါဦး ဖေဖေ ကနမ်း
ချင်လို့..."

ဝက်ပုတ်ကလေးကို ပွေ့ချီလိုက်တော့ သွား
သေးသေးလေးတွေပေါ်အောင် ရယ်ပြီး မာန့်
လည်တိုင်ကိုဖက်တွယ်လာသည် ။

" ပ့ပ့ တူရို့ချောရာ...ခစ် ခစ် .. ဦးဦး ဆီတွား
မယ်..."

စျာန်ဟိဏ်း က ပါပါး ချစ်လေး... ဘယ်အချိန်
ထမေးမေး သူ့ပါပါး ကိုသာအချစ်ဆုံး လို့ဖြေ
တယ်...အခုလဲသူက ပါပါး တူလို့ချောတာပါ
တဲ့လေ ။ ပြီးတာနဲ့ လက်ဖောင်းဖောင်းလေးရဲ့
လက်ညိုးလေးက တံခါးပေါက်ဆီကို ထိုးပြနေ
တာကြောင့် သားလေးရဲ့ပါးအိအိကြီးတွေကို
ဖိနမ်းပစ်လိုက်ပြီးမှ အောက်ချပေးလိုက်သည် ။

လှုပ်တုပ် လှုပ်တုပ် နဲ့တံခါးနားသွားနေတဲ့ သား
လေးကိုတံခါးဖွင့်ပေးလိုက်တော့ သူ့ဦးဦး အိပ်
တဲ့အခန်းဆီကို ဖင်လေးပစ်ပြီးသွားခဲ့သည်။

" ဦးဦး ယေ......"

** ဒုန်း ဒုန်း **

အခန်းတံခါးကို လက်ပိစိလေးနဲ့ထုနေတဲ့အသံ
ကြောင့် ပိုးလေး ရေချိုးခန်းထဲကအမြန်ပြေး
ထွက်ခဲ့လိုက်သည် ။ ချစ်မွှေး လေးလက်နာ
သွားရင် ဒီဦးဦး ရင်နာရချည်ရဲ့...။

💞 Eternal Love 💞 { Completed }Where stories live. Discover now