EXTRA _ 14

14.2K 1.2K 106
                                    

Unicode
********

4 နှစ်ကြာပြီးနောက် ****

" ဝါးးး ဦးဦး ကယ်ပအူးး..."

အသံသေးသေးလေးကို အတင်းခြစ်ကုပ်အော်
ပြီးဧည့်ခန်းက စားပွဲကိုပတ်ပြေးနေတာကတစ်
အိမ်လုံးဖူးဖူးမှုတ်ထားတဲ့ ချစ်မွှေးရယ်ပါ ။

" ချစ်မွှေး.... ပါပါး စိတ်မတိုချင်ဘူးနော် အခု
လာခဲ့စမ်း... "

ကြက်မွှေးတစ်ချောင်းကိုင်ပြီး ချစ်မွှေး နောက်
လိုက်ရင်း ရှိုင်းစေ ကတော်တော်ဒေါသထွက်
နေပြီ ။ ချစ်မွှေးကိုစိတ်မချတာမို့ ရှိုင်းစေ မ
ပြီးပြတ်သေးတဲ့ကျောင်းကို အဝေးသင်သာ
တတ်ပြီး ရိုးရိုးဘွဲ့လေးတစ်ခုသာယူခဲ့သည် ။
ဒါကလဲ ချစ်မွှေးဖေဖေ က,ကလေးထိန်းငှား
ပေးမယ်လို့ပြောနေတဲ့ကြားက ရှိုင်းစေ ကိုယ်
တိုင်ဆုံးဖြတ်ခဲ့တာပင် ။

ချစ်မွှေးက တစ်ဦးတည်းသောသားပီပီ ဂျစ်
ကန်ကန်နှင့် ပြန်မပြောနားမထောင်လေး ။
အဲ့တာ သူ့ဖေဖေ နဲ့ သူ့အဖိုး အဖွားတွေကအ
ရမ်းအလိုလိုက်ထားတာကြောင့်လေ ။

" ပ့ပ့ ရာနဲ့ညော်... တား နိုပစ်မှာညော် ရာနဲ့
ညော်.."

သူ့ကိုရိုက်မှာစိုးလို့ မလာပါနဲ့တဲ့...။ လာရင် ငို
ပစ်မှာတဲ့ ။ အခုတောင်မငိုရသေးဘဲနဲ့ တစ်
အိမ်လုံးသူ့အသံနဲ့ဆူညံနေပြီဘဲကို....။

" ပါပါး ကိုမလာစေချင်ရင် မင်းလာခဲ့... ဟမ် ဒီ
အရွယ်လေးနဲ့ ပိုက်ဆံခိုးတတ်နေပြီဟုတ်လား
...လာခဲ့ ဒီနေ့မင်းကို ပါပါးအလွတ်မပေးဘူး..."

ဒင်းလေးက ရှိုင်းစေ တို့အခန်းထဲဝင်ပြီးအံ့ဆွဲ
ထဲက Black Card တစ်ကဒ်ယူသွားတယ်တဲ့.။
ပြီးတော့ ၁၀ မိနစ်တောင်မကြာဘူး အဲ့ကဒ်ကို
သုံးပစ်ခဲ့ပြီတဲ့လေ ။

" ထိုးတာဟုတ်ဝူး.... နှိုက်တွားတာ..."

အော် အေး သူပြောမှရှင်းသွားရော.. ခိုးတာ
မဟုတ်ဘူး နှိုက်သွားတာတဲ့....။

" ချစ်မွှေး အဲ့ကဒ်ဘာလုပ်ပစ်လိုက်တာလဲလို့...
ပါပါး တကယ်ရိုက်တော့မှာနော် "

စားပွဲခုံပေါ်ကို လက်သေးသေးလေးတင်ထား
ပြီး ရှိုင်းစေ ကိုမော့ကြည့်နေတဲ့ ချစ်မွှေး က
သူ့ပါပါး မျက်နှာကိုအကဲခတ်နေဟန်ဖြင့်....။

💞 Eternal Love 💞 { Completed }Where stories live. Discover now