Chapter _ 24

24.7K 1.8K 98
                                    

Unicode
********

အပန်းပြေရုံတင်မဟုတ်ဘဲတစ်လောကလုံး
ကိုမေ့ပစ်လိုက်ချင်ဟန်ဖြင့် ဂုဏ် အရက်
တွေဇွတ်သောက်နေမိသည် ။ ဂုဏ် ဒီရက်
ပိုင်းရုံးခန်းထဲမှာဘဲအချိန်ဖြုန်းနေပြီး အိမ်
ပြန်လာဖို့ဆက်တိုက်ပြောနေသည့် ဖေဖေ့
စကားတွေကိုတောင်ငြင်းဆန်ပစ်ခဲ့သည် ။

အခုချိန်မှာ ဂုဏ် ဘယ်သူနဲ့မှမတွေ့ချင်..။
ဂုဏ့် မျက်လုံးတွေကကြိမ်းစပ်နာကျင်နေ
သည့်တိုင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်
ဖို့ငြင်းဆန်းနေဆဲဘဲ...။ ဂုဏ် မိနစ်အနည်း
ငယ်အနားယူလိုက်ရုံကလွဲပြီး နှစ်နှစ်ခြိုက်
ခြိုက်အိပ်မပျော်နိုင်...။

ကြည်လင်တောက်ပနေသည့်ရေခဲတုံးလေး
တွေက အဆင့်မြင့်ဝီစကီအရောင်ကြောင့်
ပိုပြီးလှပနေသယောင်..။ ဂုဏ် စားပွဲပေါ်က
ဝီစကီခွက်ကိုလှမ်းယူကာ တစ်ကြိုက်တည်း
မော့ချပစ်လိုက်သည် ။ လည်ချောင်းထဲပူပြီး
ဆင်းသွားတဲ့ ဝီစကီခါးခါးတစ်ခွက်က ဂုဏ့်
ရင်ထဲကပူလောင်မှုကိုတော့လျော့မသွားစေ
ခဲ့ပေ။

အဲ့ဒီနေ့တုန်းက ကလေးငယ် ရဲ့ ကိုကို လို့
ခေါ်သံနဲ့အတူ ငြိုးမာန် ရဲ့ရင်ခွင်နဲ့အသား
ကျနေတဲ့ခန္တာကိုယ်လေးက ဂုဏ် ကို ရူးသွပ်
သွားစေဖို့တကယ်လုံလောက်ခဲ့သည်။ စပြီး
ဆုံတွေ့ခဲ့တဲ့သူက ကိုယ်ဖြစ်ပေမယ့်နောက်
ဆုံးမှာ ပိုင်ဆိုင်ခွင့်ရမယ့်သူက ကိုယ်ဖြစ်နိုင်
ပါ့မလား........။

" ဥက္ကဋ္ဌကြီး....ခဏလေး...ကျွန်မ CEO ကို
အကြောင်းကြားပေးပါ့မယ် "

" ငါ့ကို ဘယ်သူထင်လို့တားနေတာလဲ...
ဖယ်စမ်း "

** ဝုန်း!! **

ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အသံနဲ့အ
တူဝင်လာတဲ့သူက ဦးစိုင်းဇာနည် ပင် ။
G & S ကိုဦးဆောင်နေသူက ဂုဏ် ဖြစ်ပေ
မယ့် ဖေဖေ့ ရဲ့ဩဇာအာဏာကတော့အရင်
တိုင်းခိုင်မြဲနေဆဲဘဲ ။ ဧည့်ကြိုကောင်မလေး
ရဲ့ကြောက်လန့်နေတဲ့မျက်လုံးတွေကြောင့်
ဂုဏ် ခေါင်းငြိမ့်ပြကာထွက်သွားခိုင်းလိုက်
သည် ။

" ဂုဏ်ရှိုန်သွေး မင်းတော်တော်ပျက်စီးနေပြီ
ဘဲ "

" ဖေဖေ....ရောက်လာပြီလား ထိုင်ပါဦး "

💞 Eternal Love 💞 { Completed }Where stories live. Discover now